Part 30

717 40 12
                                    

"အလုပ်နောက်ကျတော့မှာပဲ"

Severus ကကလေးကိုနှုတ်ဆက်နေတာကြောင့် Harry က တွန်းလွှတ်ရတော့သည်။
အရင်ကဆိုလျှင်...အလုပ်သည်သာပထမနှင့် အလုပ်သည်သာ ဒုတိယ။
ယခုကျတော့ Harry နားမှာပဲကပ်နေချင်၏။

"ကိုယ်စိတ်ချမယ်နော်"

Severus ၏ အကြည့်များဟာ အဓိပ္ပာယ်ပါနေတာမို့ Harry စပ်စပ်ထိမခံပြန်ပြောမိသည်။

"မချရအောင် ကျွန်တော်ကဘာလုပ်နေလို့လဲ"

ထိုသို့ဆိုသည့်အခါ Severus က ခပ်ဟဟရယ်၍ Harry နှာထိပ်ဖျားသို့ လက်ညှိုးဖြင့်ထိရုံ တို့သည်။

"မင်းလုပ်ထားတာ မင်းပဲသိမှာပေါ့
သရေစာတွေလျှောက်စားပြီး နေ့လယ်စာမစားရင် ကိုယ်လျှောက်လည်ခွင့်မပေးတော့ဘူး"

"မစားဘူး...မစားတော့ဘူး!"

Harry ကိုနောက်မှာချန်ထားခဲ့ပြီးနောက် ပြုံး၍သာ ကားပေါ်တက်ရင်း လက်ပြနှုတ်ဆက်လိုက်သည်။
ကားပေါ်ရောက်သည့်အခါ ပုံမှန်ဝတ်နေကျ လက်အိတ်ဖြူများကိုပြန်ဝတ်ရင်း နန်းတော်သို့ထွက်ခွာလာရသည်။

အင်္ဂလန်နန်းတော်မှာ ခမ်းနားသလောက် သတိလည်းထားရသည်။
နန်းတွင်းဓလေ့နှင့် စည်းကမ်းများကို အသားကျနေသူ Severus အတွက်သိပ်အရေးမကြီးပေမဲ့ Harry သာလိုက်လာလို့ကတော့ ဘုရင်မကြီးမူးလဲသွားလောက်သည်။

ဘုရင်မကြီးနှင့်တွေ့ဆုံရာ နန်းတော်အတွင်း အစည်းအဝေးခန်းမသို့ဝင်ရောက်သည့်အခါ အစောင့်များက အရိုအသေပေးကြသည်။
ထောင်ထောင်မောင်းမောင်းအရပ်နှင့်လိုက်ဖတ်စွာ တော်ဝင်ဝတ်စုံဝတ်ဆင်ထားသူ Severus မှာ လွန်စွာအရှိန်အဝါရှိလှသည်။

အမြဲလိုလိုတင်းတင်းစေ့ထားသော နှုတ်ခမ်းပါး။ ရေအိုင်လိုတည်ကြည်နေသည့်မျက်ဝန်း နှင့် ​မြှားသဏ္ဍာန်ဖြောင့်စင်းနေသော နှာတံ ကြောင့် နန်းတွင်းက ရာထူးကြီးအမျိုးသမီးများကြား တီးတိုးစရာဇာတ်လမ်းတစ်ပုဒ်တည်ရှိလာသည်။

"Severus...ငါရဲ့အနေအေးတဲ့ညီလေး!"

"အိမ်ရှေ့စံ Elliot!"

"အိုး...အရိုအသေပေးရကောင်းမှန်တော့ သိသေးသားပဲ"

"...."

You've reached the end of published parts.

⏰ Last updated: Jun 02, 2022 ⏰

Add this story to your Library to get notified about new parts!

My Half-blood PrinceWhere stories live. Discover now