Part 1

4.1K 159 82
                                    

မိုးတဖွဲဖွဲရွာသွန်းသောနေ့တနေ့ဝယ် London မြို့၏လမ်းမပေါ်တွင် ရဲအရာရှိများအလုပ်ရှုပ်နေကြသည်။ အကြောင်းကား အခြားမဟုတ်...ဆိုင်တစ်ဆိုင်အားဓားပြတိုက်နေသောကြောင့် တားဆီးပြစ်ခတ်ရာမှ တခြားဆိုင်တွေပါမီးလောင်ကုန်ကြခြင်း။
သက်ဆိုင်ရာရဲအချိူ့က ဆိုင်ပိုင်ရှင်တွေကိုရဲဥာန၌ဖြေရှင်းပေးနေစဥ် ကောင်လေးတစ်ယောက်မှာအလွန်ဒေါသထွက်နေသည်။

"ဟေ့လူ!!
ခင်ဗျားတို့အရာရှိဘယ်မှာလဲ?"

"ရဲမှူးကမအားဘူး အထဲမှာမြို့စားမင်းနဲ့စကားပြောနေတယ်"

"သူများဆိုင်ကိုမီးလောင်အောင်လုပ်ပြီးတော့မှမအားရအောင် ဘယ်နားသွားသေနေတာလဲ!!!"

ရှိစု၊မဲ့စုဖြင့်ဖွင့်ထားသောအရုပ်ဆိုင်လေးမီးလောင်သွားသောကြောင့် ဒေါသများပွင့်ထွက်ကုန်သည်။ ချွေးတွေနဲ့ချောတာကြောင့် ချွေးသုပ်ရန် မျက်မှန်ကိုခဏချွတ်ကာ ထိုင်ခုံတွင်ထိုင်စောင့်နေလိုက်သည်။
ဒီတိုင်းသာဆို Uncle vernon ဆီမှာပိုက်ဆံသွားချေးရဦးမှာပဲ။ Harry စိတ်တိုလွန်းလို့ ရဲမှူးရဲ့ရုံးခန်းထဲပြေးဝင်လိုက်ချင်တယ်။

"ခင်ဗျားတို့ရဲမှုူးက အခုချိန်ထိမလာနိုင်သေးဘူးလား"

"သူအစည်းအဝေးလုပ်နေတယ်"

ထိုရုံးခန်းရှေ့တွင်စောင့်နေသော လုံခြုံရေးနှစ်ဦးက Harry အားမဝင်ရန်တားဆီးနေသည်။ သူများဆိုင်တွေပျက်စီးသွားတာကိုသူတို့ပဲအေးဆေးအစည်းအဝေးလုပ်နိုင်တယ်။Harry စိတ်မထိန်းနိုင်တော့ပဲ လုံခြုံရေးနှစ်ဦးရဲ့ ဂျိုင်းအောက်ကပြေးဝင်တော့သည်။ ခန္ဓာကိုယ်ကသေးသေးလေးမို့ အလွယ်တကူဝင်လို့ရသွားတယ်။

"ခင်ဗျားလား ရဲမှူး!!"

အစည်းအဝေးစားပွဲရဲ့ထိပ်ဆုံးမှာထိုင်နေသောလူအား Harry ဒေါသတကြီးပြောဆိုနေသည်။ ထိုလူကဘာမှမတုန့်ပြန်။ လက်အိတ်ဖြူဝတ်ထားတဲ့လက်နှစ်ဖက်ကိုယှက်ကာ အသာအယာစကားဆိုသည်။

"မင်းပြဿနာကိုငါသိတယ်
ဒီကိစ္စကိုဖြေရှင်းဖို့ငါဆွေးနွေးနေတယ်"

ထိုအစည်းအဝေးစားပွဲတွင်လူသုံးယောက်ထိုင်နေကာ ဘေးနားမှလူများမှာအသက်ကြီးကြီးဖြင့် ခပ်ဝဝလူကြီးတွေသာဖြစ်သည်။
ထိုလူကမူ အနေအထိုင်အေးဆေးလွန်းပြီး အသံကတမင်လုပ်ပြောစရာမလိုတဲ့ သြဇာညောင်းသောအသံ။

My Half-blood PrinceWhere stories live. Discover now