Ep 29(Uni+Zaw)

203 21 7
                                    

#Unicode#

"အင်း......ကျွတ်......ကျွတ်.......ကျွတ်"

ဇာမဏီဟိဏ်း တစ်ယောက် ပါးစပ်ကနေ စုပ်သတ်ရင်း အိပ်ရာက နိုးလာလေသည်။ မနေ့က အရှိန်ကြောင့် ခေါင်းက မူးနောက်နောက် ဖြစ်နေသေးသည်။ ဒါကြောင့် လက်ဖြင့် ခေါင်းကို အသာလေး ထုနေတော့၏။ ဇာမဏီဟိဏ်းမှာ ခေါင်းကို ထုနေရင်း ဘေးဘက်ကို ကြည့်လိုက်ပါလေသည်။ ဇေယျာ ရှိမနေတာကြောင့် "မီးဖိုချောင်မှာဘဲ" လို့ ဇာမဏီဟိဏ်း  တွေးလိုက်ပြီး ခုတင်ကနေ ထလိုက်တော့သည်။

ခုတင်ကနေ ရုတ်တရက် ထလိုက်တာကြောင့် ဇာမဏီဟိဏ်း ပို၍ မူးနောက်နောက် ဖြစ်သွားရသည်။ မူးနောက်နောက် ဖြစ်နေတာရဲ့ နောက်မှာတော့ ခေါင်းက ထိုးပြီး ကိုက်လာတော့သည်။ သံချောင်းကို တူနဲ့ရိုက်သလိုမျိုးကို ဖြစ်လာ‌လေသည်။ ဒါကြောင့် ဇာမဏီဟိဏ်းမှာ ယိုင်တိုင်တိုင်ဖြင့် အခန်းထဲက စားပွဲနားသို့ သွားနေလေသည်။

စားပွဲနားရောက်တော့ အံဆွဲကို ဆွဲဖွင့်လိုက်သည်။ ဆေးဗူးတွေ စုံအောင် ထွက်လာ‌လေသည်။ ဇာမဏီဟိဏ်း ဆေးဗူးတွေကို ဒီအတိုင်း ရပ်ကြည့်နေတော့သည်။ ပြီးနောက် လားရှိုးမှာတုန်းက သက်နိုင်နဲ့ စကားပြောခဲ့တာကို သတိရသွား‌သည်။

လားရှိုးမှာတုန်းက ဇာမဏီဟိဏ်းသည် ဇေယျာ မသိအောင် မနက်အစောကြီး တစ်နေရာသို့ သွားခဲ့သည်။ ဇာမဏီဟိဏ်း သွားခဲ့တဲ့နေရာက မြို့ပြင်က အိမ်ရာတစ်ခုဖြစ်သည်။ ဇာမဏီဟိဏ်းမှာ သက်နိုင်လို့ခေါ်တဲ့ ကမ္ဘောဒီးယားမှာ ကျောင်းတက်ပြီး ဆေးကုစဉ်က သိခဲ့ရတဲ့ ဆေးကျောင်းသားဆီသို့ သွားတာဖြစ်သည်။ သက်နိုင်ဆိုသူက ဇာမဏီဟိဏ်း ဆေးရုံတက်နေစဉ်က လက်တွေ့လာဆင်းတဲ့ ဆေးကျောင်းသားဖြစ်သည်။ ဒါကြောင့် ဇာမဏီဟိဏ်းရဲ့ ရောဂါကိုလည်း သိနေသူ ဖြစ်လေသည်။

တစ်လောတုန်းက ရန်ကုန်ကနေ ‌လားရှိုး ပုဂ္ဂလိကဆေးရုံကို ပြောင်းလာသည်ဖြစ်ကြောင်း ဇာမဏီဟိဏ်းကို အကြောင်းကြားခဲ့လေသည်။ ဒါကြောင့်ဘဲ ဇာမဏီဟိဏ်းလည်း သက်နိုင်ဆီ လာရတာပင် ဖြစ်သည်။ ထိုနေ့က ဇာမဏီဟိဏ်းတို့ ပြောခဲ့တာတွေကတော့။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}जहाँ कहानियाँ रहती हैं। अभी खोजें