Ep 15(Uni+Zaw)

243 27 4
                                    

#Unicode#

ညနေစောင်းအချိန်တွင် second year တက်မယ့် ကောင်လေး တစ်ယောက် မန်ဆူကားဂိတ်တွင် တစ်ယောက်ယောက်ကို စောင့်လို့နေလေသည်။ လွယ်အိတ်ကို လွယ်လျက် ဘေးတွင်လည်း lagage တစ်လုံးက ရှိနေသေးသည်။ ထိုကောင်လေးမှာ ကားဂိတ်က ကားဆရာတွေကိုတောင် ပြုံးပြလိုက်သေးသည်။ ပြီးနောက် လက်တွင် ပတ်ထားတဲ့ နာရီလေးကို တစ်ချက် ကြည့်လိုက်ပါလေသည်။ အချိန်ကား ငါးနာရီတောင် ထိုးတော့မည်။ ဟိုပိတ်နားရောက်ကတည်းက လေးနာရီရှိလေပြီ။ အဲ့ချိန်ထဲက ဖုန်းဆက်ထားတာ ခုထိကို မလာသေးဘူးလေ။ ကားဂိတ်မှာကို တစ်နာရီတောင် စောင့်လိုက်ရတဲ့ အဖြစ်ကို ရောက်နေပြီလေ။

"ဘာလို့ မလာသေးတာလဲ" ဆိုကာ ထိုကောင်လေး နာရီကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ ပြီးနောက် ဟိုကြည့်ဒီကြည့် လုပ်နေတော့သည်။

နောက်ဆုံးတော့ မျှော်ကိုးနေရတဲ့ မောင်မင်းကြီးသားက ပေါ်လို့လာပြီဘဲ ဖြစ်သည်။ ဆိုင်ကယ်ကို အခန့်သားစီးလျက် လာနေလေသည်။ လွယ်အိတ်ကြီးကိုလဲ လွယ်ထားသေးသည်။ ပြီးနောက် ဆိုင်ကယ်ဦးထုပ်ကလည်း ဆောင်းထားသေး၏။ ပြီးတော့လည်း ဟိုကြည့် ဒီကြည့်နှင့် လုပ်နေသေးသည်။ ပြီးတော့မှဘဲ စောင့်နေတဲ့ သူဆီကို တန်းတန်းမတ်မတ် လာနေတော့သည်။

"စောင့်ရတာ ကြာသွားလား ကလေး"

"ဟာ ကိုဟိဏ်းကလည်း ကားဂိတ်မှာ တစ်ခြားသူတွေနဲ့လေ"

"ဆောရီး ဇေယျာလေး"

"အင်း lagageကို ကူမပေးအုန်း ကိုဟိဏ်း"

"ဟုတ်ပါပြီ ဇေယျာလေးရေ"

Lagage‌လေး တင်ပြီးသွားတော့ နှစ်ယောက်သား ကားဂိတ်ကနေ ထွက်လာခဲ့ကြတော့သည်။ lagageက ရှေ့ဘက်မှာဆိုတော့ ဇေယျာက နောက်က လိုက်စီးရတာ မခက်ခဲဘူးပေါ့လေ။ ဆိုင်ကယ်မောင်းနေရင်းနဲ့လည်း ကိုဟိဏ်းက

"ကို့ကို ဖက်ထားနော် ကလေး" ဆိုပြီး ပြောနေသေးသည်။

"အင်းပါ ကိုဟိဏ်းရယ်။ ကိုဟိဏ်းသာ ဖြေးဖြေးမောင်းပါနော်"

"အမိန့်တော် အတိုင်းပါ"

ဇေယျာကို ပြန်ဖြေပြီး ဇာမဏီဟိဏ်း တစ်ယောက် ဆိုင်ကယ်မောင်းတာကိုဘဲ ‌အာရုံစိုက်လိုက်တော့သည်။ အတော်ကြာ မောင်းနေရင်းမှ ဇာမဏီဟိဏ်း ပြန်ပြီး စကားပြောလေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now