Ep 27(Uni+Zaw)

189 19 4
                                    

#Unicode#

မနက်ခင်း အစောကြီး အချိန်တစ်ခုမှာ ဇေယျာ တစ်ယောက် ကော်ဖီဆိုင် တစ်ဆိုင်သို့ ရောက်လို့နေလေသည်။ အကြောင်းကား ဇာမဏီဟိဏ်း၏ မိခင်ဖြစ်သူမှ တွေ့ရန် ချိန်းလိုက်လို့ပင် ဖြစ်သည်။ ကော်ဖီဆိုင်လေးမှာ ဇေယျာနှင့် အလုပ်သမားနှစ်ယောက်က လွဲရင် ဘယ်သူမှ ရှိမနေပါ။ အရမ်းစောလွန်းလို့ ဖြစ်သည်။

ဇေယျာ ဟိုကြည့်ဒီကြည့် လုပ်နေရင်း ဆိုင်ထဲက နာရီလေးကို တွေ့သွားတော့သည်။ ဒါနဲ့ နာရီကို ကြည့်ကြည့်လိုက်တော့ ခြောက်နာရီထိုးပြီး ငါးမိနစ်စွန်းလေးဘဲ ရှိသေးလေသည်။
ဟုတ်ပါလေသည်။ ဇေယျာ တစ်ယောက်  ဇာမဏီဟိဏ်း မသိအောင် အစောကြီး အိမ်ကထွက်လာပြီး လာစောင့်နေတာဘဲ ဖြစ်ချေသည်။ ဇေယျာ ရောက်တော့ ကော်ဖီဆိုင်လေးက closeဆိုတဲ့ ဆိုင်းဘုတ်လေးကို openလို့ ပြောင်းနေတဲ့ အချိန်ဘဲ ရှိသေးသည်။

ဇေယျာ နောက်တစ်ခါ ဘေးဘက်ကို ဝေ့ကြည့်လိုက်မိပြန်သည်။ ဆိုင်က အလုပ်သမားလေး တစ်ယောက်က စားပွဲတွေ လိုက်သုတ်ပေးနေတော့၏။ ထိုစားပွဲထိုး ကောင်လေးက နောက်ဆုံးတော့ ဇေယျာ ထိုင်နေတဲ့ ဝိုင်းကို ရောက်ချလာကာ စားပွဲကို ရေစိုအ၀တ်နဲ့ သုတ်ပေးလာလေသည်။ စားပွဲ သုတ်ပေးပြီးတော့ ပြန်မသွားသေး။ ဇေယျာရှေ့မှာ ရပ်ကာ
ဇေယျာ့ကို တစ်ခုခု ပြောတော့သည်။

"ဟိုလေ အကို ဘာများ သုံးဆောင်ပါမလဲ"

"Expressoလေး လုပ်ပေးပါလား"

"အော်....ဟိုလေ အကို အားနားလိုက်တာ..... expressoက မရသေးပါဘူးဗျ......ဘာကြောင့်ဆို နွားနို့က အခုမရောက်လာသေးလို့ပါ"

"ဒါဆိုရင် ဘာရလောက်မလဲ"

"ဒီအတိုင်း ရိုးရိုး black coffeeတော့ ရ‌ပါတယ်"

"အင်း....ဟုတ်ပြီလေ ဒါဆိုလည်း black coffeeတစ်ခွက်ဘဲ ချပေးလိုက်တော့"

"ဟုတ်" ဆိုကာ စားပွဲထိုးကောင်လေးလည်း ဇေယျာ အနားကနေ ထွက်ခွာသွားတော့သည်။

အကြာကြီး မစောင့်လိုက်ရပါဘူး။ ခဏနေတော့ စားပွဲထိုးကောင်လေးက လင်ပန်း တစ်ခုနဲ့ ဇေယျာနား ရောက်လာပြန်တော့သည်။ ပြီးတော့ လင်ပန်းပေါ်က ကော်ဖီခွက်လေးကို
ဇေယျာ့ ရှေ့သို့ ချပေးပြီး ထွက်သွားပြန်လေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now