EP 2(Uni+Zaw)

1K 116 7
                                    

#Unicode#

"တီးတီးတီး.....တီးတီးတီး.....တီးတီးတီး"

နှိုးစက်က‌လေးမှာ အချိန်မှန် မြည်လာတော့သည်။ ဇေယျာမှာ မြည်နေတဲ့ နှိုးစက်ကို ပိတ်ဖို့ရန်အတွက် စားပွဲပေါ်က ဖုန်းကို လှမ်းယူလိုက်လေသည်။ ဖုန်းစက်ခရင်မှာ ပေါ်နေတဲ့ နှိုးစက်လေးကို နှိပ်ပြီး ပိတ်လိုက်သည်။

"ဟူး....ဒီနေ့လည်း အလွမ်းများနဲ့ စတင်ရအုန်းမှာပါလား" ဆိုပြီး ဇေယျာ တီးတိုး‌ ညည်းညူကာ လှဲနေရာက ထပြီး အိပ်ယာသိမ်းလိုက်လေသည်။

ဇေယျာ တစ်ယောက် လေးလံထိုင်းမှိုင်းစွာဖြင့် မျက်နှာသစ်ဖို့ ရေချိုးခန်းထဲ ၀င်သွားလိုက်သည်။ မျက်နှာသစ် ဘေစင်မှာ တပ်ထားတဲ့ မှန်လေးကို ကြည့်လိုက်ပြီး

"ဟွန်း ငါဘာရုပ်ကြီးက ဖြစ်နေတာလဲ" ဟု စိတ်ထဲ တွေးလိုက်မိပြီး လက်ကို ရေစွတ်ကာ မျက်နှာကို လေးငါးချက်လောက် ပုတ်လိုက်ပါလေသည်။ ပြီးနောက် သွားတိုက်တံလေးပေါ် သွားတိုက်ဆေးလေးထည့်ကာ ဇေယျာ သွားတိုက်သည်။ သွားတိုက်ပြီးတာနဲ့ မျက်နှာသစ်‌ခြင်းကို စလိုက်သည်။

မျက်နှာသစ်ပြီးလို့ မျက်နှာကို မျက်နှာသုတ်ပဝါလေးနဲ့ သုတ်အပြီးမှာ ဇေယျာ မှန်ကို တစ်ဖန် ပြန်ကြည့်ပြန်လေသည်။ မျက်နှာဟာ ခဏက အတိုင်းပင် ဖြစ်နေသေးသည်။ အလွမ်းပူမိထားတဲ့ ရုပ်လေး ပေါက်နေတော့သည်။ ဒါနဲ့ ဇေယျာလည်း ရေချိုးခန်းထဲကနေ ထွက်လာလိုက်ပြီး
ဗီဒိုရှေ့ သွားလိုက်သည်။ ပြီးနောက် အင်္ကျီ လဲ၀တ်လိုက်သည်။ မျက်နှာကို innisfreeက green tea setလေး လိမ်းလိုက်‌လေသည်။ မျက်နှာကို ဘာဘဲလိမ်းလိမ်း ခဏက အလွမ်းပူမိထားတဲ့ ရုပ်အတိုင်းပင်။ ကိုယ့်ကိုယ်ကို ဆက်မကြည့်ချင်တော့တာနဲ့ ဇေယျာ ဘွတ်ဖိနပ်လေး စီးကာ ဆိုင်ဖွင့်ဖို့ ထွက်လာခဲ့လိုက်သည်။

ဇေယျာ တစ်ယောက် ဒီနေ့ ပစ္စည်း၀ယ်စရာရှိလို့ ဆိုကာ ကားကို ယူခဲ့လိုက်ရသည်။ ခါတိုင်းကတော့ ဆိုင်ကို ယူမသွားဖြစ်ခဲ့။ ဒီအတိုင်း လမ်းလျှောက်သာ သွားလေသည်။ တစ်ခုခုလိုတော့မှ ကားကို ထုတ်သုံးတာ ဖြစ်သည်။ အခုလည်း ဆိုင်အတွက် ပစ္စည်းလေး‌တွေ ဖြည့်စရာရှိတော့ ကားယူခဲ့ရတာ ဖြစ်သည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now