လင်း​နေ စိတ်​ထင်​ ​ဖေ​ဖေဦးလင်း​မောင်​၏...
ဂိုဏ်းကိစ္စများပင်​ဖြစ်​မည်​။ ​ဖေ​ဖေက ​မေ​မေ
တောင်းဆိုသည့်​အတိုင်း ​အ​မှောင်​​လောကမှ
မထွက်​နိုင်​​သေး​သော်​လည်း လင်း​နေ ကို​တော့
ထို​လောကနှင့်​ ကင်းရှင်း​အောင်​ထားသည်​..။

"သက်​" စိတ်တိုင်းကျ​လေး ဒီတစ်​ခု​တော့...
လိုက်​​လျော​ပေးချင်​တယ်​ဟု ခပ်​​ဆွေး​ဆွေး​လေး
ပြောတတ်​​သော ​ဖေ​ဖေ ဦးလင်း​မောင်​က ...
သူ့စကားကိုတည်​သည်​။ လင်း​နေ​ရှေ့တွင်​...
ထိုကိစ္စများကို တစ်​ခွန်းမှမ​ပြောသလို သိခွင့်
လည်းမ​ပေး..။ ထိုဂိုဏ်းကို လင်း​နေ ဆက်​ခံရန်
ဆိုသည်​မှာ ဟိုးအ​ဝေးကြီးမှာဖြစ်​သည်​...။

လင်း​နေအတွက်​ မထူးဆန်း​တော့​သော ကိစ္စ
ဖြစ်​​သော​ကြောင့်​ ​ထွေထူးကာ ​မေးမ​နေ​တော့
ဖေ​ဖေဦးလင်း​မောင်​ မနက်​စာပြင်​​ပေးထား
သော စားပွဲတွင်​သာ ဝင်​ထိုင်​လိုက်​သည်​..။

ဖေ​ဖေဦးလင်း​မောင်​ကလည်း စားပွဲတွင်​ ဝင်​ထိုင်
လာကာ ပဲပြုတ်​နှင့်​​ရော​ကြော်​ထား​သော ထမင်း
ကြော်​ ခပ်​​နွေး​နွေးကို ထည့်​ကာ လင်း​နေ​ရှေ့ကို
တိုး​ပေးသည်​..။ ​ဂေါ်ဖီကို ခပ်​ပါးပါးလှီးထားကာ
ငရုတ်​သီးစိမ်း၊ ကြက်​သွန်​နီနှင့်​ အရသာအ​နေ
တော်​ထည့်​ထားကာ သံပုရာရည်​ပါညစ်​ထည့်
ထား​သော​ အချဉ်​သုတ်​​လေး တစ်​ပွဲကိုပါ...
စီစဉ်​​ပေးထားသည်​။

အချဉ်​သုတ်​​လေးသည်​ မနည်းသလို မများ..
သားအဖနှစ်​​ယောက်​အတွက်​ လုံ​လောက်​​သော
ပမာဏဖြစ်​သည်​..။ ​ဘေးတွင်​​တော့ ပူပူ​လော
လောထည့်​ထား​သော ​ရေ​နွေးအဖြူထဲကို...
လက်​ဖက်​​ခြောက်​ရွက်​အနည်းငယ်​ထည့်​လိုက်
သည့်​ ခွက်​တစ်​ခွက်​ရှိသည်​..။

ရေ​နွေးအ​နေအထားမှာ အလွန်​ပူ​သော်​လည်း
ထမင်း​ကြော်​ကုန်​မှ​ရေ​နွေး​သောက်​တတ်​​သော
လင်း​နေ အကျင့်​ကို​သိ​သော ​ဖေ​ဖေဦးလင်း​မောင်
က ​သေချာစီစဉ်​​ပေးထားခြင်းဖြစ်​သည်​..။

ရိုးရှင်းသော မနက်​စာ​လေးဖြစ်​​သော်​လည်း...
လင်း​နေအတွက်​​တော့ ​ဖေ​ဖေဦးလင်း​မောင်​၏
မေတ္တာကို ခံစားမိသည်​...။

Clover your'e my clover[Completed]Where stories live. Discover now