Poliana က သက်ပြင်းချကာ ထပ်ပြောလိုက်သည်.


"သူ မိန်းမမြန်မြန်ယူဖို့ ငါဆုတောင်းတယ်. ငါ ဧကရီတစ်ပါးလောက်လိုချင်တယ်"

"ကျွန်တော်ပြောချင်တာလဲ အဲ့တာပဲ. လှပပြီးတော့ အမျှော်အမြင်ရှိတဲ့ ဧကရီ.."

"ကြင်နာပြီးတော့ သဘောထားလဲကြီးရမယ်.."

"ပြီးတော့ ငါတို့ဆီမှာ မင်းသားလေးတွေနဲ့ မင်းသမီးလေးတွေ အများကြီး ရှိလာလိမ့်မယ်.."

သူတို့လျှောက်နေရင်းနဲ့ ရုတ်တရက် အစောင့်တွေက ဧကရာဇ်က ဒီနေ့ညလာတဲ့ အမျိုးသမီးကို ပြန်လွှတ်လိုက်ကြောင်း ပြောတာကို ကြားလိုက်ရသည်. Poliana က အစောင့်တစ်ယောက်ကို မေးလိုက်သည်.

"ဘာဖြစ်လို့လဲ? သူမ အမှားတစ်ခုခုလုပ်လိုက်လို့လား?"

"အဲ့အမျိုးသမီးက ရေပူစမ်းမှာ အတူတူရေချိုးဖို့ ပြောလိုက်လို့. အရှင်က ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သဘောမကျတာ မင်းလဲသိတာပဲ"

အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်က အဝတ်မပါပဲ ရေတူတူချိုးတယ်... ဒါက သိသာတဲ့ ကိစ္စတစ်ခုပဲဖြစ်သည်. ဒါက တစ်ယောက်နဲ့တစ်ယောက် စိတ်ခံစားချက်တွေ ပြင်းထန်လာပြီလို့ ဆိုလိုသည်. Lucius က ဒီအမျိုးသမီးရဲ့ ရဲတင်းမှုကြောင့် စိတ်တိုသွားသည်.

ဧကရာဇ်က မင်းသားတစ်ပါးအနေနဲ့ မွေးဖွားခဲ့ပြီး အမွေဆက်ခံသူအဖြစ် ကြီးပြင်းလာကာ, တိုင်းပြည်တစ်ခုရဲ့ ဧကရာဇ်ဖြစ်လာပြီးနောက်တော့ တိုက်ကြီးတစ်ခုလုံးကို စုစည်းခဲ့သည်. သူက ကျက်သရေရှိစွာနဲ့ ကောင်းမွန်တဲ့ဘဝကို ဖြတ်သန်းခဲ့ပြီးတော့ ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် အမျိုးသမီးတွေနဲ့ အိပ်ယာထဲမှာ ပျော်ရတာကို သဘောကျပေမဲ့ အမျိုးသမီးတွေရဲ့ အိပ်ယာထဲက ပုံမှန်မဟုတ်တဲ့ အမူအကျင့်တွေကိုတော့ သဘောမကျခဲ့ပေ.

သူတို့သိမြင်ခဲ့ရတာကို အခြေခံပြီးတော့ သူတို့ဧကရာဇ်က ဘယ်လိုအမျိုးသမီးတွေကို သဘောကျလဲဆိုတာကို သူတို့ မှန်းဆနိုင်သည်. Poliana တောင်မှ Lucius စကားတစ်ခွန်းမှ ပြောစရာမလိုပဲ သူ့အကြိုက်ကို သိနေသည်.

Emperor and the Knightness (Zawgyi) Book - 1जहाँ कहानियाँ रहती हैं। अभी खोजें