"မိတ်ဆွေမဟုတ်ဘူး သူနဲ့တစ်ကြိမ်ထဲ တွေ့ဖူးတာ"လို့ ဝမ်ဖေးရန်ဟာ အလေးမစိုက်သလိုပြောလိုက်ပြီး ပစ္စည်းရောင်းချင်စိတ်သာ သူ့မှာရှိသည်၊ဒီလူတွေ ဘာလို့ငါ့ပဲ လာပြသာနာရှာနေကြတာလဲမသိဘူး!ဇာတ်လိုက်ဖြစ်ရတာလည်း ဝဋ်ကြွေးဘဲဟု စိတ်ထဲမှာ ကြွေးကြော်လိုက်မိပေမယ့် အပြင်ပန်းကတော့ အေးဆေးတည်ငြိမ်စွာဖြင့် ရပ်နေကာ ဘာပြသာနာလာဦးမလဲဆိုသည့်ပုံစံလေးဖြင့် စောင့်နေတော့သည်၊

ချင်ဟွာချန်ဟာ ဝမ်ဖေးရန်ရဲ့လက်ထဲရှိ ဓားကို လိုချင်တပ်မက်စွာကြည့်လိုက်ပြီး

"မင်းလက်ထဲက ဓား ငါ့ကို ပေး အဲ့ဆိုရင် ဖြစ်ခဲ့သမျှ ငါ့ဘက်ကခွင့်လွှတ်ပေးလိုက်မယ်" အကိုရန်ဆိုသည့်လူဟာလည်း ချင်ဟွာချန်ရဲ့အသေလွတ်အနိုင်ကျင့်မှုကို မတားပဲ ရပ်ကာကြည့်နေသည်၊ ခန်းမဆောင်သခင်ရဲ့မိတ်ဆွေမဟုတ်တာကြောင့် သူဟာ ချင်ဟွာချန်ဘက်ကသာ ရပ်တည်ရန်စဉ်းစားလိုက်ခြင်းဖြစ်သည်၊

ဝမ်ဖေးရန်ဟာ ဓားကို ပိုမြင်အောင် မြှောက်လိုက်ပြီး ချင်ဟွာချန်ဘက်ကို လှည့်ကာ

"ငါက ဒီဓားကို ပေးပြီး မင်းရဲ့ခွင့်လွှတ်မှုကို ယူရမယ် "လို့ မသိသလိုပြန်မေးလိုက်တော့ ချင်ဟွာချန်ဟာ ရွယ်ဆွေ့ဓားကို တပ်မက်စွာကြည့်လိုက်ပြီး ခေါင်းညိတ်ကာ

"ငါက ချင်အင်ပါယာရဲ့မင်းသားပဲ မင်းသာ ငါ့ဆီကမျက်နှာကောင်းလိုချင်အောင် လုပ်ရင် ငါတို့ချင်အင်ပါယာလက်အောက်ခံ ချင်ကျောင်းတော်မှာ မင်းတို့ကျောင်းသားအဖြစ်လက်ခံဖို့ ပြောပေးမယ်" လို့ ပြောလိုက်တော့ ဘေးနားကလူများပင် မျက်ဝန်းများတောက်ပသွားကာ တစ်ယောက်တစ်ပေါက်ပြောလာကျတော့သည်၊

"ချင်ကျောင်းတော်ဆိုတာ အဆင့်နှစ်ကျောင်းတော်တွေထဲမှာ ဒုတိယအမြင့်ဆုံးကျောင်းတော်ပဲ... "

"အဲ့လို ကျောင်းတော်မှာ ပညာသင်ခွင့်ရရင် ငါသေပျော်ပါပြီ...သူတို့ဆီက အထောက်အပံ့တွေကလည်း အရမ်းကိုမြင့်တယ်တဲ့"လို့ ဘေးနားရှိလူများဟာ ချင်ကျောင်းတော်အကြောင်းကို ပိုမိုဆွေးနွေးလေလေ ချင်ဟွာချန်ရဲ့မျက်နှာဟာ ပိုမိုမောက်မာလေလေဖြစ်သည်၊ သူရဲ့မျက်ဝန်းများဟာ ရှောင်ဝေ့ရန်ဘက်ကြည့်ကာ သူရှေ့ရောက်လာကာ ဒူးထောက်ကာဓားကို ကမ်းပေးပြီး ချင်ကျောင်းတော်ကို ကျွန်ခံရရင်တောင် ဝင်ပါရစေဟုပြောမည့် ရှောင်ဝေ့ရန်ကို စောင့်နေလိုက်ပေမယ့် ရှောင်ဝေ့ရန်ဟာ ခုနက နေရာမှာပင် ကျောက်တုံးတစ်တုံးလိုသာ မလှုပ်မယပ်ရပ်နေကာ သူ့ကိုလှောင်ပြုံးပြုံးကာ ကြည့်နေတာ မြင်တော့ ဒေါသထွက်လာကာ သူရဲ့ သိုင်းဝိညာဉ်ဖြစ်သည့် အပြာရောင်အဆင့် လင်းယုန်ဌက်ဝိညာဉ်ဟာ အနောက်ကနေပေါ်လာပြီး ရှောင်ဝေ့ရန်ကို အရှိန်အဝါနဲ့ဖိရန် ကြိုးစားလိုက်ပေမယ့် ရှောင်ဝေ့ရန်ဟာ ဘာမှမဖြစ်သယောင်နဲ့ သူ့ကို!! သူ့ကိုတောင် သန်းပြလိုက်သေးတယ်!!!ဒီအောက်တန်းစားကောင်ကို ငါသတ်မယ်!! လို့ စိတ်ထဲမှာ ကြွေးကြော်ကာ သူရဲ့ဓားကို ထုတ်ကာ လျင်မြန်သည့်အရှိန်နဲ့ ရှောင်ဝေ့ရန်ဆီပြေးဝင်လာကာ ခါးကိုလှည့်လိုက်ပြီး သူရဲ့လက်ကို လေအစွမ်းပြုစွမ်းအားဖြင့် အရှိန်တင်ကာ ရှောင်ဝေ့ရန်ကို တစ်ခါထဲပိုင်းချဖို့ ရည်ရွယ်ကာခုတ်ချလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Opowieści tętniące życiem. Odkryj je teraz