Pt 9🔥(ငါပိုင်ချင်တဲ့အရာက အခြား တစ်​ယောက်စီမှာ)Zawgyi

7.9K 311 14
                                    

အချိန်တစ်ခုကြာလာတဲ့​နောက် Ao Bing နဲ့ Hong Lang တို့ ပိုပို ခင်မင်ရင်းနီးလာကြတယ်..

Ao Bing ရင်ဖွင့်ပီးတဲ့​နေ့တည်းက Hong Lang ရဲ့အပြု​မူ​လေး​တွေဟာတဖြည်းဖြည်း ချစ်ခြင်း​တရား သံ​ယောဇဉ်သို့ ​ပြောင်းလဲလာတယ်..

မြေ​ခွေးတစ်​​ကောင်ပုံအသွင်​​ဆောင်ထား​သော်ညား ရင်ထဲက ပြည့်နှက်​နေတဲ့ခံစားချက်​တွေက အချိန်နဲ့တညီကြီးထွားလာတယ်..

Ao Bing အတွက် Hong Langဟာ သူမြတ်နိုးရတဲ့ ချစ်စရာသတ္တဝါ​လေးအဖြစ် သတ်မှတ်ထား​ပေမယ့်
Hong Lang အတွက်က​​တော့ Ao Bingဟာ သူတစ်သက်တာပိုင်ဆိုင်ချင်တဲ့ တစ်​​ယောက်​သောသူသာဖြစ်​တော့တယ်..

ဒီ​ ရင်​အေး​စေတဲ့ အပြုံးတစ်ပွင့်..​ဖြောင့်စင်း​နေတဲ့ ထိုအပြာ​ရောင်ဆံနွယ်​လေး​တွေရယ်, Hong Lang ကို Ao Bing ​ပွေ့ချီလိုက်တိုင်း ခံစားရတဲ့ ထို​နွေး​ထွေးမှူ​တွေက Hong Lang အတွက် စွဲမက်​နေ​စေတယ်​လေ..

အနီ​ရောင်မျက်ဝန်း​တွေရဲ့​နောက်ကွယ် ရမ္မက်မီးလျှံတို့ရှိခဲ့တာ Ao Bing မသိခဲ့..

တစ်​နေ့ Ao Bing သိုင်း​လေ့ကျင့်ပီး Hong Langနဲ့ အတူ ​အပြန်လမ်းတွင် တသွင်သွင်စီးဆင်းနေတဲ့ စမ်း​ချောင်း​လေးနားက ဖြတ်ရင်း ​ရေဆာ​တော့ ခနနားဖို့ ဆုံးဖြတ်လိုက်ကြတယ်..

နေ​ရောင်​အောက်တွင် တလက်လက် ဖြစ်​နေတဲ့ ​စမ်း​ချောင်း​လေး​ဘေးဝယ် အ​မော​ဖြေကာ ​လေ​ပြေကလည်း တိုက်​​နေ​တော့တယ်..

Ao Bing သည် ​ရေစပ်နား​လေးမှာ လက်ခုပ်ထဲ​ရေခပ်ပီး​သောက်ဖို့ရာ ပြင်​နေစဉ် အ​နောက်က Hong Lang က စ​နောက်ကာ Ao Bing ကိုအနည်းငယ်တွန်းလိုက်​တော့ ​ခြေ​ချော်၍ ​ရေထဲပြုတ်ကျ​တော့သည်

Hong Lang စိတ်ထဲတွင် ကြိတ်ရယ်​နေသည်.. အပြင်ပန်းက​တော့ သူများကို စ​နောက်လိုက်ရလို့ ​ပျော်ပီးခုန်​ပေါက်လျက်..

ထို့​နောက် ရုတ်တရက် သူ့​ရှေ့က မြင်ကွင်း​ကြောင့် မှင်သက်တိတ်ဆိတ်သွား​တော့သည်..

ထိုမြင်ကွင်းမှာ အခြားမဟုတ်.. ​ရေထဲပြတ်ကျသွားတဲ့ Ao Bing သည် တသွင်သွင်စီးကာ တလက်လက်​တောက်ပ​နေတဲ့ စမ်း​ချောင်းရဲ့အလယ် Hong Lang စ​နောက်လိုက်လို့ ယခု ဆံနွယ်အဖြား​လေး​တွေ ​ရေစိုကာ ဝတ်ထားတဲ့အဖြူ​ရောင်ဝတ်ရုံလွှာကာ အနည်းငယ်ပါး​တော့ အသားနဲ့ကပ်သွားတာ အထဲက ဖြူဥ​နေတဲ့ ခန္ဓါကိုယ်​သေး​သေး​လေးကို မြင်​နေရ​​​တော့သည်..

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now