Part 6 (လွန်ခဲ့​သော တစ်ပတ်က) Unicode

23.4K 1.1K 20
                                    

လွန်ခဲ့​သော တစ်ပတ်(Flashback)

Nezha နဲ့ Ao Bing မ​ပျောက်ခင် တစ်ပတ်တုန်းက
​​နှစ်​ယောက်သား နှစ်သစ်ကူးပွဲကို အတူတူ​ပျော်​ပျော်ပါးပါး​လျှောက်လည်ရင်း အလှဆုံးအချိန်​တွေကုန်ဆုံးခဲ့ကြသည်...

နှစ်သစ်ဆု​တောင်းစာ အ​နေနဲ့ ​​ကောင်းကင်သို့​ပေးပို့တဲ့
မီးပုန်း​လေး​တွေရဲ့ ရှုခင်းကို ​ငေးကြည့်​​နေကြရင်း..အချိန်​တွေကုန်သွားတာ​တောင်မသိလိုက်..ညအ​တော်နက်သွားသည်....

​ကောင်းကင်ယံ၌စု​ဝေးပျံသန်း​​နေတဲ့ မီးပုန်း​လေး​တွေလည်း အချိန်ကြာလာတာနှင့်အမျှ တစ်စတစ်စ ​ပြောက်ကွယ်သွားကြပီး...ပတ်ဝန်းကျင်က တဖန် တဖြည်းဖြည်း အလင်း​ရောင်​လျှော့ကာ ​အ​မှောင်ထုပြန်ဆိုင်းသွား​လေ​သည်...

​ကောင်းကင်ယံ၌ တဖြည်းဖြည်း​ပျောက်ကွယ်သွားတဲ့မီးပုံး​လေး​တေကိုသာ ​ငေးကြည့်​နေမိ​သော Ao Bing သည် ပတ်ဝန်းကျင်ကို အ​တော်အတန်ကြာ​အောင် သတိမထားမိခဲ့​​ချေ..

သတိပြန်ရ​တော့မှ..​ဘေးကိုတစ်ချက်အကဲခတ်လိုက်​တော့ သူ့​ဘေးနားမှာ ယခင်ကထိုင်​နေတဲ့ Nezha မရှိ​တော့တာကို သိသွားခဲ့သည်... ပတ်ဝန်းကျင်ကလည်း ​မှောင်မိုက်​နေကာ..တိတ်ဆိတ်​​နေတာမို့ Ao Bing အနည်းငယ် ထိတ်လန့်သွားသ​ယောင်..ထို့​နောက် Nezha ကိုလိုက်ရှာရန် ထွက်လာခဲ့သည်...

Ao Bing သည် ​ဘေးနားက​နေ မ​ပြောမဆို​ပျောက်သွားတဲ့ Nezha ကို ​ဒေါ်သလည်းထွက်သလို တစ်နည်းနည်းဖြင့် စိတ်လည်းပူ​နေမိသည်...ဘယ်ကိုသွားမှန်းလဲ မသိတာမို့ Ao Bing ​ယောင်လည်လည်ဖြင့် အနီးနားတစ်ဝိုက်ကိုလိုက်ရှာ​နေရင်း ခနကြာ​တော့ လမ်းတစ်ဝက်၌ ဒူး​၂ဖက်​ထောက်လျက်သားဖြင့် ​ခေါင်းငိုက်ဆိုက်ကြ​နေ​သော Nezha ကို​တွေ့လိုက်ရသည်..

အ​ဝေးက​​နေအကဲခက်ရင်​တောင် Nezha ပုံစံဟာ တစ်ခုခုချို့ယွင်း​နေတာမို့ Ao Bing သည် Nezha ရှိရာသို့ မြန်မြန်​ပြေးသွားလိုက်သည်..

အနီးနား​​​ရောက်​တော့..Nezha သည် ဘယ်ဘက်လက်က ​မြေကြီးကို​ထောက်ထားပီး...ညာဘက်လက်က ဦး​ခေါင်းကိုဆုပ်ကိုင်ထားကာ..မျက်​မှောင်ကြုံထားလျက် တစ်စုံတစ်ခုကို နာနာကျင်ကျင် ခံစား​နေရ​သ​ယောင်ဖြစ်​နေသည်...

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now