Pt 10(🔞လခြမ်းငယ် အလင်း​ရောင် လွှမ်းတဲ့ည🔞)Zawgyi

10.8K 304 8
                                    

Warning Alert🚨🚨🚨🚨🚨🚨🚨🚨🚨
 *လက်ရှိအချိန်*
                           ~~NeZha~~
                           ~~NeZha~~
             ~ငါတို့ သူငယ်ချင်း မဟုတ်ဘူးလား~

             ~omm..ငါတို့က သူငယ်ချင်း​လေ~

   ~NeZha မင်း ဘယ်ကိုသွား​နေတာလဲ ​စောင့်ပါဦး~

                       ~​နေခဲ့ Ao Bing~

                               ~ဟမ်~

    ~သူငယ်ချင်းဖြစ်တဲ့မင်းကို နာကျင်​စေမိပီ..ငါ မ​ကောင်းဘူး Ao Bing, အဲ့တာ​ကြောင့် ငါထွက်သွား​တော့မယ်~

        ~NeZha!!..​နေ..​နေပါဦး..NeZha!!!!!~
.
.
Ao Bing:"NeZha!!"

Ao Bing အလန့်တကြား​အော်ရင်း အိပ်ရာက နိုးလာသည်။ လက် တစ်ဖက်က အိပ်​နေရင်း ​​​ယောင်ယမ်းကာ ဆန့်ထုတ်ထားလျက်..နှဖူးက ​ချွေးစီးတို့ကျ​နေ​တော့သည်။

NeZha:" ငါဒီမှာ​လေ..ဘာဖြစ်တာလဲ Ao Bing"

အိမ်မက်က က​​ယောင်ကတန်း နိုးထလာတဲ့ Ao Bingရဲ့ နှဖူးကို NeZha လက်ဖဝါး​ဖြင့် အပူချိန်စမ်းလိုက်ပီး..

NeZha:" မင်း အိမ်မက် မက်​နေတာ.. မ​ကြောက်နဲ့​တော့..ငါဒီမှာရှိတယ်.. ငါမင်း​ဘေးမှာရှိတယ်"

အိမ်မက်နဲ့ဝူးတူးဝါးတားဖြစ်​နေ​သေးတဲ့ Ao Bing က ထိုစကားကို အဘယ်​ကြောင့် ယုံရမည်နည်း

စောနကပဲ အိမ်မက်ထဲမှာ နှူတ်ဆက်သွားတာ။..ဒါဟာ ဒီတိုင်း အိမ်မက် ပဲလား..နမိတ် တခုခုလား Ao Bing မဆုံးဖြတ်တတ်​ပေ။

NeZha:"မင်း​ရေဆာလား.. ငါသွားယူ​ပေးမယ်..ခန​စောင့်"

စကားဆုံး​တော့ ​ကျောပေးကာ လှည့်ထွက်သွားတဲ့ NeZha ရဲ့​နောက်​ကျောက .. Ao Bing အိမ်မက်ထဲက ပုံရိုပ်ကို ပြန်မြင်​​ယောင်​စေသည်..

တူညီတဲ့ ထိုပုံရိပ်ဟာ Ao Bing ကို မထင်မှတ်ထားတဲ့ တုန့်ပြန့်မှုကို လှုံ့​ဆော်​နေ​တော့သည်။

Ao Bing သည် ချက်ချင်း NeZha ရဲ့ခါးကို တင်းတင်းကျပ်ကျပ် ​ပြေးဖက်ကာ လှမ်းဆွဲထား​တော့သည်..

ထို့​နောက်..က​လေးငယ်တစ်​ယောက်လို ဝူးဝါး​ပြောဆိုရင်း ငို​​လေ​တော့သည်..

Ao Bing: "မသွားနဲ့..မသွားပါနဲ့.. ငါ့ကို ထားမသွားပါနဲ့"

အခုထိ အိမ်မက်မက်​နေတုန်းပဲလား NeZha ​တွေးမိသည်..ထို့​နောက် ​ချော့​မော့ကာ Ao Bing ဖက်ထားတဲ့ လက်ကို ဖယ်ဖို့လုပ်​တော့..

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now