Pt 14 (ကံကြမ္မာ​ပြောင်းပြန်) Zawgyi

5.3K 178 24
                                    

ကျန်းယူမြို့ မီးပြာကျပီး​နောက် * တဖက်တွင် *

- *​ဒေါက် ​ဒေါက် ​ဒေါက်*

- "ဘယ်သူလဲ"

- "ကျုပ် Hong Lang"

- " ဝင်ခဲ့ "

( အပြင်မှာ မိုးအရမ်းသည်း​နေတာ​ကြောင့် Hong Lang သည် အလျင်အမြန် အိမ်တံခါးငယ်ကို ဖွင့်ကာ ဝင်လိုက်ပါ၏။

ထို့​နောက် ဝတ်ရုံပေါ်မှာ တင်​နေ​သော မိုး​ရေ​ပေါက်တို့ကို လက်ဖြင့် ခါလိုက်ပီး​​သော် အနည်းငယ်စိုစွတ်​နေ​သော ဆံပင်တို့ကို လှန်တင်လိုက်တဲ့အခါ ရှင်းလင်းစွာမြင်လိုက်ရ​သော နှာတံနှင့် မျက်​တောင်ဖြားမှာ သီး​နေ​သော မိုး​ရေစက်​လေးများက Hong Lang အား အင်မတန် ဆွဲ​ဆောင်မှုရှိ​အောင် တန်ဆာဆင်​ပေး​နေသလို။

သို့​သော် ခက်ထန်​နေ​သော ​သွေးနီ​ရောင် မျက်ဝန်းများက အိမ်အခန်းထဲရှိ တစ်ဖက်သူကို အမျက်​ဒေါသ စူးစူးရှရှဖြင့် လှမ်းကြည့်ကာစကားဆို​လေသည်​။

- " ​ခင်များ​ပြော​တော့ ​မှော်ဝမ် ကို ​ကောင်းကင်ဘုံက ဖျက်စီးပစ်မှာဆို

အဲ့ ​စောက်​ခွေး​ကောင် NeZha က ဘာလို့ ​ရောက်လာတာလဲ ဟမ်!!!

ရှင်းစမ်းပါဦး!!!!!

ကျုပ်သူ့ကိုပြန်ရ​တော့မယ့်ဟာကို.. အခု​တော့ အကုန်သွားပီ!!"

(Hong Lang သည် ​မ​ကျေနပ်ချက်များကို အပြစ်မရှိ​သော နံရံအားပုံချကာ လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးလိုက်ပါ၏။)

တစ်ဖက်က လူသည် ရန်မလိုသလို Hong Lang ကို ​ကျောခိုင်းကာ ​ရေ​နွေးကြမ်းကျိုရင်း အေး​အေးလူလူဖြစ်သာ စကားပြန်ဆိုသည်

??:  " မိတ်မလိုက်ရ​သေးတဲ့ ​ခွေးလို လာ​သောင်းကျန်းမ​နေနဲ့"

Hong Lang:" ခင်များ ဘာ​ပြောလိုက်တယ် "

??: "သူ့ကို မင်းမပိုင်​တော့ဘူး.. ဘယ်​တော့မှ ပိုင်မှာမဟုတ်ဘူး.. "

Hong Lang:" ခင်များ ဘာစကား​ပြောတာလဲ??
သေချာ​ပေါက် ​မှော်ဝမ် ဖျက်စီးခံရပီး လင်ကျုးကို ငါပိုင်လိမ့်မယ်လို့ ​ပြောခဲ့တာမဟုတ်ဘူးလား"

??:" ​​​ကောင်းကင်ဘုံရဲ့ နိမိတ်ကို မကြားဘူးလား!!

Hong Lang:" ခင်များဘာကို ဆိုလိုချင်တာလဲ..အဲ့ဒီ နမိတ်က ဘာမို့လို့လဲ ရှင်းရှင်းလင်းလင်း​ပြောစမ်းပါ"

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now