Part 2 (မ​ပြောပြနိုင်တဲ့ အမှန်တရား) Zawgyi Font

19.9K 646 14
                                    

.
.
မနေ့ညက NeZha အတွေးလွန်ပီး ကောင်းကောင်း
မအိပ်ရသေးတာကြောင့် တစ်မနက်လုံး ပင်ပန်းနွမ်းနယ်ကာ စိတ်အာရုံလည်း မစုစည်းနိုင်ဖြစ်နေသည်

NeZha ဟာသူရဲ့ Sexual Desire တွေကို အလွန်အကျွန် ထိန်းချုပ်ထားတဲ့ ဒဏ်တွေကြောင့်...သာမာန် ပင်ပန်းတာမျိုးထက် ပိုပင်ပန်းကာ..တစ်ခါတရံ စိတ်ထဲထင်ယောင်ထင်မှား မြင်ယောင်မြင်မှားတွေဖြစ်လေ့ရှိ
ကာ..ဘယ်ဟာ အစစ်မှန် ဘယ်ဟာ ပုံရိပ်ယောင် လဲ
ဝေခွဲရ ခက်တာမျိုးတွေပါရှိလာသည်...

Ao Bing နဲ့လည်း ရက်ပိုင်းလောက် မတွေ့ ဖြစ်..
မြင်နေရရင် ပိုထိန်းချုပ်ဖို့ ခက်တာကြောင့် Ao Bing
ကို မတွေ့မိအောင် ရှောင်နေသည်...

အဲ့လိုနဲ့ပဲ NeZha တစ်နေ့တစ်နေ့ အပြင်လည်း
မထွက်...အိမ်ထဲက ပန်းဥယျာဉ်တော်ထဲမှာပဲ စိတ်ငြိမ်
အောင်နေဖို့ကြိုးစားနေကာ...ဒီနေ့တော့ NeZha
အရင်ရက် တွေထက် ပိုပင်ပန်းတာကြောင့်..ကြာကန်
နားက သစ်ပင်ကြီးကို မှီလျက် မျက်လုံးလေး မှေးကာ
အနားယူနေသည်...

NeZha သည် သစ်ပင်ကြီးကို အားပါးတရ
သက်သောက်သက်သာ မှီထားပီး...ဘယ်ဘက်ခြေထောက်ကို ဆန့်ထားသော်လည်း ညာဘက်ကိုတော့
ဒူးထောင်ထားကာ...ခေါင်းစခြေဆုံး NeZha ပုံစံမှာ
အလွန် ခန့်ညား လှသည်...

လေညင်းလေးက ညှင်ညှင်သာသာလေး တိုက်ခတ်နေ
ပီး ပတ်ဝန်းကျင်ကလည်း တိတ်ဆိတ်နေတာကြောင့်
သစ်ရွက်လေးတွေအချင်းချင်း ရိုက်ခတ်နေတဲ့ အသံ
လေးတွေလည်း ကြားနေရသည်...

အပင်ရဲ့ အရိပ်အောက်မှာ ဆိုပေမယ့်...
တစ်ချက်တစ်ချက် နေပြောက်ကလေးတွေက NeZha ရဲ့ မှိတ်ထားတဲ့ မျက်လုံးပေါ် ကျရောက်
နေတာကြောင့် NeZha သေချာတော့ အိပ်လို့မရ...
ဒါပေမယ့် သဘာဝတရားကိုတော့ ခံစားနေသည်...
.
.
.
ထိုစဉ် ရုတ်တရက် NeZha မျက်နှာပေါ်သို့ အရိပ်တစ်ခု ဖုံးအုပ်သွားသည်ကို NeZha သတိထားမိသွားသည်...ဘေးပတ်ပတ်လည်မှာ သစ်ရွက်ခြောက်တွေ ပြန်ကြဲကြွေကျနေတာကြောင့်...NeZha မျက်လုံး
မဖွင့်သေးဘဲ အသံကိုစူးစိုက် နားထောင်လိုက်တော့..
လူတစ်ယောက်ခြေသံနဲ့တူသည်...

တဖြည်းဖြည်း NeZha အနားကို ချဉ်းကပ်လာပီး...
NeZha ကို အန္တရာယ်ပေးမယ့်ပုံတော့ မဟုတ်.. ရုတ်တရက် NeZha ဘေးမှာ ဖြေးဖြေးလေးထိုင်လိုက်ကာ ချက်ချင်းပဲ လက်တံရှည်ရှည်သွယ်သွယ် လက်တစ်စုံက NeZha ရဲ့ မျက်နှာပေါ်ကို နေပြောက်
တွေမကျအောင် ကာကွယ်ပေးလိုက်သည်...

Lover Beads (NeZha & AoBing) 🔞🔞🔞Where stories live. Discover now