"အော်... အစ်ကိုသုံးပါလား "လို့ တစ်ချက်သာ ပြောလိုက်ပြီး အရေးမစိုက်သလို ပြန်လှည့်သွားတော့သည်၊ ရှောင်ချင်းလင်ဟာ ပေါက်ကွဲသွားကာ ဝမ်ဖေးရန်ရှေ့မှာ ပိတ်ရပ်လိုက်သည်၊ထိုနောက်

"မင်းက ဒီလိုနေရာမှာ ဘာလာလုပ်တာလဲ၊မင်းအဆင့်နဲ့ ဒီက ဖိနပ်တစ်ရံတောင် ဝယ်နိုင်မှာ မဟုတ်ဘူး...အရှက်မကွဲချင်ရင် ထွက်သွားလိုက်"လို့ လှောင်ရိပ်များဖြင့်ကြည့်ကာ တိုးတိုးပြောလိုက်ပြီး ဝမ်ဖေးရန်ရဲ့ဒေါသတကြီးတုန့်ပြန်လာမည့်အချိန်ကို စောင့်မျှော်လိုက်ပေမယ့် ဝမ်ဖေးရန်ရဲ့ဂရုမစိုက်၊အလေးအနက်မထားသည့်မျက်ဝန်းများဟာ ရှောင်ချင်းလင်ဆီရောက်လာပြီး

"ပြောလို့ ပြီးပြီလား"လို့ မေးလိုက်သည်၊ ပြီးရင်လည်း မြန်မြန်ဖယ်ဆိုတော့ ပုံစံဖြင့် ကြည့်လိုက်တော့ ရှောင်ချင်းလင်မှာ သူပဲပိုဒေါသထွက်လာတော့သည်၊

"ရှောင်ဝေ့ရန်ဆိုတာ မင်းလား"အနောက်ကနေ နောက်ထပ်ကောင်လေးတစ်ယောက် အသံထွက်လာတကြောင့် လှည့်ကြည့်လိုက်တော့ အညိုရောင်ဆံပင်တွေကို ဖြာချထားပြီး တစ်ဝက်ကိုတောင် ရှေ့ကိုချထားသည်၊မျက်နှာပေါက်လေးဟာ တကယ်ကို အပြစ်ကင်းစင်ပြီး အလိုလိုက်ခံထားရသည့်သခင်လေးတစ်ယောက်နဲ့တူသည်၊ အရမ်းမလှပပေမယ့် ချစ်ဖို့ကောင်းတဲ့အထဲတော့ပါသည်၊ဒါပေမယ့် တစ်လောကလုံး သူ့လုပ်စာထိုင်းစားနေသည့်မျက်ဝန်းကတော့ တကယ်မနှစ်မြို့စရာပင်၊

"အင်း"လို ပြောလိုက်ပြီး ဘယ်ကအရှုပ်ထုပ်နောက်တစ်ကောင်လာပြန်ပြီလဲဆိုသည့် အကြည့်မျိုးနဲ့တစ်ချက်ကြည့်ပေးလိုက်သည်၊ ဒါကို ရှောင်ချင်းလင်ဟာ သူ့ခွင်ထဲရောက်ပြီပဲဆိုပြီး ပျော်ရွှင်သွားကာ

"ရှောင်ဝေ့ရန်...မင်း ဘယ်လို မခန့်မလေးစားပုံစံဖြေလိုက်တာလဲ! အခု မင်းနဲ့စကားပြောနေတဲ့သူက ဘယ်သူလဲသိလား?"လို့ အနည်းငယ်အသံမြှင့်ကာ လူတွေရဲ့အာရုံစိုက်မှုကို ရအောင်ဖန်တီးတော့သည်၊့လူများလေလေ ဒီသတင်းက ပိုမို ပြန့်နှံ့လာကာ ရှောင်ဝေ့ရန်ရဲ့အရှက်ခွဲမှုတွေလည်း အကုန်လုံးသိလာစေရမည်၊

"မသိဘူး... လူတစ်ယောက်ကို ငါ့ခေါင်းထဲထည့်ရလောက်အောင် မအားဘူး"

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Hikayelerin yaşadığı yer. Şimdi keşfedin