"သခင်လေး ဘာများအလိုရှိလဲဗျ"လို့ လေးလေးစားစားမေးလိုက်ပေမယ့် သူရဲ့မျက်လုံးများတော့ ထိုလူငယ်လေးပေါ် မကြည့်ဘဲနဲ့ကိုမနေနိုင်ချေ၊ သူတို့ ချွင့်လွီ့ချွမ်းဟာ နေရာအနှံ့သွားဖူးတာကြောင့် ချောမောလှပတဲ့လူမျိုးစုံကို မြင်ဖူးပေမယ့် ဒီလို တောသာသာနယ်မြေဘက်မှာ ဒီလိုပြည့်စုံတဲ့အလှပိုင်ရှင်မျိုးရှိနေမယ်လို့ မထင်ခဲ့ပေ၊

"ဟုတ်...လေလံပွဲမှာ ဆေးမြစ်တွေ ရောင်းချလို့ရလားမသိဘူး"လို့ ထိုလူငယ်ရဲ့အသံလေးထွက်လာချိန်မှာတော့ အရောင်းဝန်ထမ်းလေးရဲ့အသည်းနှလုံးလေးဟာ ခုန်ပေါက်ကာ အပြင်ကိုပြုတ်ကျမတတ်ဖြစ်သွားတော့သည်၊လူငယ်လေးရဲ့အသံဟာ ကမ္ဘာပေါ်မှာ ချိုမြိန်သောအစားအစာကို မြည်းစမ်းလိုက်ရသလိုမျိုး၊ ပတ်ဝန်းကျင်မှာ ချက်ချင်းနွေးထွေးတဲ့နေရောင်ခြည်များလွှမ်းမိုးသွားသလိုပင်၊

"ဟုတ်...ဟုတ်ကဲ့ ရပါတယ်ဗျ ဒီဘက်ကြွပေးပါခင်ဗျ" လို့ သူရဲ့တုန်ယင်နေတဲ့အသံကို ထိန်းတာပြောလိုက်ပြီး နေရာကိုပြရန် ခေါ်သွားတော့သည်၊ထိုအချိန်မှာ ငြူစူစူနဲ့အမျိုးသားတစ်ယောက်အသံဟာ သူတို့ဘေးဘက်ခြမ်းကနေ ထွက်လာတော့သည်၊

"စိတ်ပျက်စရာဘဲ ဒီလိုမြင့်မြတ်တဲ့ချွင့်လွီချွမ်းလိုနေရာမျိုးမှာ ညစ်ပတ်တဲ့သတ္တဝါနဲ့လာတိုးနေတယ်"

ထိုစကားကြောင့် ချွင့်လွီချွမ်းရှိ ဧည့်သည်အချို့နဲ့၊အလုပ်သမားတွေဟာ အသံလာရာကိုကြည့်ကြလိုက်တော့သည်၊အိုမီဂါအမျိုးသားနှစ်ယောက်ကို တွေ့လိုက်တော့သည်၊

ဒါပေမယ့် ထိုသို့လိုက်ကြည့်ထဲတွင် အမောင်ဝမ်ဖေးရန်မပါခဲ့ပေ၊ဘာလို့လဲဆိုတော့ ဝမ်ဖေးရန်ဟာ သူ့ကိုယ်သူ အဓိကဇာတ်ကောင်အဖြစ်သတ်မှတ်ထားတာကြောင့် ညစ်ညမ်းတဲ့သတ္တဝါဆိုတဲ့နာမ်စားဟာ သူ့ကိုညွှန်းကာပြောသည်ဟု မထင်တာကြောင့်ဖြစ်သည်၊သူမေ့နေခဲ့သည်က သူ့မှာ ကံကောင်းခြင်းအမှတ်က တစ်ဆိုတာကိုပေါ့၊

အရေးမလုပ်ဘဲ ဝမ်ဖေးရန်ထွက်သွားသည်ကို မြင်တော့ ထိုလူငယ်နှစ်ယောက်ထဲက တစ်ယောက်ဟာ ဒေါသထွက်သွားကာ

"ဟေ့ ရှောင်ဝေ့ရန် မင်းကို ပြောနေတာ ကြားလား"လို့ အော်ဟစ်ကာပြောဆိုလိုက်မှ ဝမ်ဖေးရန်လည်း လှည့်ကာ ကြည့်လာပြီး

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now