●◉✿ Final ✿◉●

21.2K 1.7K 149
                                    

||Unicode||

မနက်ခင်း နေရောင်ကြောင့်
အိပ်ယာမှ ထပြီး နာရီကြည့်လိုက်တော့ ၈နာရီ။

ရေချိုးပြီး အောက်ထပ်ဆင်း မနက်စာအတွက်
ရိုးရိုး ပေါင်မုန့်နဲ့ နွားနို့သာ ပြင်လိုက်သည်။

ဟိုနေ့က မိဘနှစ်ပါး ထယ့်ကို တွေ့ပြီး
မုန့်အစုံ ရေခဲသေတ္တာထဲ ထည့်ပေးသွားတာမို့
ဟင်း ၊ မုန့်အစုံကတော့ အပြည့်။

သားအရင်းဖြစ်တဲ့ ကိုယ့်ထက် ထယ့်ကို
သဲသဲလှုပ်နေကြတာ အမှန်ပင်။

အဲ့ကလေးကလည်း ငယ်ငယ်တည်းက
ရင်းနှီးပြီးသား ကိုယ့်မိဘတွေနဲ့ အဆင်ကိုပြေနေတာများ ။

Weddingကိုလည်း မြန်မြန် လုပ်စေချင်နေကြသည်။

လာမယ့် April 5ရက်နေ့ဆို ဒီလူသ‌ားလေးကို
သူပိုင်ဆိုင်ရတော့မည်။
အဲ့နေ့က ကိုယ်တွေနှစ်ယောက်ရဲ့ နေ့မြတ်‌လေး
ဖြစ်လာမှာ အမှန်။

ကော်ဖီသောက်ရင်း အတွေးနဲ့တင် ပြုံးနေမိသည်။

ကော်ဖီ မြန်မြန်သောက်ပြီး အပေါ်ထပ်ကို
တက်ကာ အိပ်ပုပ်လေးကို နိုးရဦးမည်။

အခန်းတံခါးကို အသာဖွင့်ကာ
ကုတင်နား ချဉ်းကပ်သွားလိုက်တော့
စောင်ပြုံတွေကြား နစ်မြုပ်နေတဲ့ ကိုယ်လုံး
သေးသေးလေး။

အညိုရောင် ဆံနွယ်လေးတွေက ပွနေပုံက
၀က်ဝံ ပေါက်စလေးတစ်ကောင်လို ချစ်ဖို့ကောင်းနေသည်။

ချက်ချင်းမနိုးသေးဘဲ ဘေးကနေ ထိုင်ကြည့်နေမိသည်။

မျက်လုံးထဲမှာ ဒီကောင်လေးကို မြင်ရတဲ့အခါ
အချိန်တွေ ရပ်တန့်သွားချင်မိပါရဲ့။

နှဖူးပြင် နုနုကို အနမ်းဖွဖွပေးကာ နေ့တစ်နေ့ကို
စတင်မည်။

နှဖူးပေါ် ဖိကပ်နမ်းလိုက်တဲ့ အထိတွေ့ကြောင့်
မျက်လုံးလေးတွေ ပွင့်လာတဲ့ ချစ်ရသူ။

သူ့ကို မြင်တော့ ခပ်ရေးရေးပြုံးပြကာ
လက်နှစ်ဖက် ကမ်းပေးလာသည်။

သူ့ကို ထွေးပွေ့ပါဆိုတဲ့သဘော။

ဖြစ်ပေါ်လာတဲ့ အပြုံးတွေကိုတောင်
မဖုံးကွယ်နိုင်ဘဲ ကိုယ်လုံးလေးကို ပွေ့ချီကာ
မျက်နှာသစ်ပေးဖို့ရာရေချိုးခန်းသို့...

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now