●◉✿ 13 ✿◉●

15.2K 1.7K 109
                                    

||Unicode||

" ကိုကို ထယ် အရမ်းစိတ်လှုပ်ရှားနေတယ် "

Companyက ပြန်လာကတည်းက
ထိုင်လိုက် ထလိုက်နဲ့ စိတ်လှုပ်ရှားနေတဲ့ ထယ်။

အကြောင်းကား မနက်ဖြန်ဆို မိဘတွေကို
သွားတွေ့ကြမှာ မလို့ပင်။

" ထယ် ဒီမှာလာ ထိုင် "

ဆိုဖာပေါ် လက်နဲ့ပုတ်ပြကာ အနားလာဖို့
ခေါ်တော့ လှုပ်တုတ် လှုပ်တုတ်နဲ့ လာထိုင်သည်။

လက်ချောင်းသွယ်သွယ်လေးတွေကို
ဆုပ်ကိုင်လိုက်ကာ မျက်နှာချင်းဆိုင်တော့
မျက်၀န်းဝိုင်းလေးတွေနဲ့ ကြည့်လာသည်။

" ဘာမှ မပူနဲ့ မနက်ဖြန်ကျ ထယ် ဘာမှ
ပြောစရာမလိုဖူး ထယ်က ကိုယ့်ဘေးနားမှာ
ရှိနေပေးရင် ရပြီ "

" ဟင် "

" ထယ့်မေမေကို ကိုကိုယ်တိုင် ဖွင့်ပြောမယ်
လက် မခံလို့ ဆူပူခဲ့ရင်တောင် ကိုယ်ဘဲ ဆူခံမယ်၊
ကိုယ်ဘဲ အရိုက်ခံမယ် ထယ့်ကို ဘာမှမဖြစ်စေရဖူး"

" ကိုကို "

" အဲ့တာကြောင့် ဘာမှစိတ်မပူနဲ့ ဟုတ်ပြီလား"

ရင်ခွင်ထဲတိုး၀င်လာတဲ့ အကောင်ပေါက်လေး။

ဆံနွယ် အိအိလေးတွေကို နမ်းရှိုက်ရင်း
မနက်ဖြန်အတွက် ခေါင်းထဲမှာ စာစီနေမိတော့သည်။

.

.

.

" ဟယ် သားလေး "

" မေမေ "

သူ့အမေကို မြင်တာနဲ့ ချက်ချင်းပြေးဖက်ကာ
ချွဲနေတော့သည်။

" သား Jungkookကော ပါတာဘဲ လာလာ အိမ်ထဲ၀င် "

ဧည့်ခန်းမှာ ထိုင်ခိုင်ပြီး မီးဖိုချောင်ထဲ
၀င်သွားတဲ့ ထယ်ယောင်းရဲ့ အမေ။

ထယ်က ဘေးနားမှာထိုင်ကာ သူ့အကျီစကို
ဆုပ်ကိုင်ကာ လုံးချေနေသည်။

" ဖျော်ရည်သောက်ကြ ဦး "

ဖျော်ရည်ခွက်တွေချပေးပြီး မျက်နှာချင်း
ဆိုင်မှာ ထိုင်လိုက်တဲ့ အန်တီ။

" ဟို အန်တီ့ကို ပြောစရာရှိလို့ လာတာပါ "

" ဟင် ဘာများလဲ "

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now