●◉✿ 2 ✿◉●

21.7K 2.2K 292
                                    

||Unicode||

" ထယ် သွားရအောင် "

" ဟုတ် ကိုကို လာပြီ"

ကျောင်း ယူနီဖောင်းလေးနဲ့ Taehyungက
ကျောပိုးအိတ်လေးလွယ်ကာ
အပြေးတပိုင်း အခန်းထဲက ထွက်လာသည်။

" ဖြည်းဖြည်းလာပါ ထယ်ရယ် "

" ကိုကို ထယ့်ကို နက်ခ်တိုင် ချည်ပေးဦး"

" ထယ်မချည်တက်လို့လား "

" ချည်ပေးပါ ကိုကိုရယ် ထယ် ပျင်းလို့ "

နက်ခ်တိုင်ချည်ပေးဖို့ နှုတ်ခမ်းလေးဆူကာ
ပူဆာနေတဲ့Taehyungကို ကြည့်ပြီး ပြုံးမိသည်။

ကျောင်းနောက်ကျမှာ စိုးလို့
ကိုယ်တိုင်ပင် နက်ခ်တိုင် ချည်ပေးတော့
လူကို ပြုံးစိစိနဲ့ ကြည့်နေတဲ့ကလေး။

" ဘာတွေ ကြည့်နေတာလဲ "

" ကိုကို က ချောလာတယ်နော် ဟီးး"

" ကဲ ချည်ပြီးပြီး ပြော ဘာလိုချင်လို့လဲ
မုန့်ဖိုးလား "

" ဟာ ထယ်က မုန့်ဖိုးကို ကိုကို့ ဆီက တောင်းစရာလား "

" ဒါဆို ဘာလိုချင်လို့လဲ "

" ဟို ထယ့် အတွက် စတော်ဘယ်ရီသီး ၀ယ်ပေးထားပါလားလို့ အဲ့တာ"

" ဘာများလဲလို့ ထယ်ရယ် ဟုတ်ပြီ ညနေ ကျောင်းက အပြန်ကျ အတူတူ ၀င်၀ယ်မယ်ဟုတ်ပြီလား"

" ဟုတ်"

အခုဆို ဒီကလေးကို ကျောင်းပို့ ကျောင်းကြို
အလုပ်လေးတစ်ခုက ပိုလာခဲ့သည်။

Companyမသွားခင် ကျောင်းကို
သူကိုယ်တိုင် ၀င်ပို့ပြီးမှ Companyကိုသွားသည်။

Driverနဲ့ အပ်ရအောင်လည်း စိတ်မချ
ကိုယ်တိုင်ခေါ်ထားပီးမှ မျက်နှာလွှဲ ခဲပစ်မလုပ်နိုင်။

ကလေးရောက်လာမှ အရင်က ခြောက်ကပ်ကပ်
နဲ့ ဖြတ်သန်းခဲ့ရတဲ့ နေ့ရက်တွေက
စိုပြေလာခဲ့သလို ။

ရင်ထဲက မရေမရာခံစားချက်တွေကိုတော့
မသိချင်ယောင် ဆောင်ရင်းပေါ့။

" ဘယ်လိုလဲ Jungkook
မင်း ကလေးကို ကျောင်းပို့ခဲ့ပြီလား"

" ငါ့ ကလေး ?"

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now