●◉✿ 11 ✿◉●

16.1K 1.7K 208
                                    

||Unicode||

တစ်ရေး ပြန်အိပ်လိုက်တာ
နိုး‌တဲ့ အချိန်ကျ နေ့လည် 12နာရီပင်
ထိုးနေပြီ။

ထယ်က ဘယ်ချိန်က ထသွားလဲမသိ
သူ့နားမှာ ရှိမနေ ။

အိပ်ယာကို သေချာ သိမ်း မျက်နှာသစ်ပြီး
နှစ်ထပ်အိမ်ဘက်ကို ထွက်လာခဲ့လိုက်သည်။

လမ်းမှာရှိတဲ့ ရေကန်မှာ Jin hyungက
ငါးမျှားနေပီး Namjoon နဲ့ Yoongi
ကတော့ တစ်နေရာစီမှာ စာအုပ်ဖက်
နေလိုက်သည်။

" Hyung စားကောင်းလား "

" အိုးးး အရသာရှိသားဘဲ "

အိမ်ထဲကို ရောက်တော့ ထယ် နဲ့ ဟိုဆော့က
ကြမ်းပြင်ပေါ် ပယ်ပယ်နယ်နယ်ထိုင်ကာ
တစ်ခုခုစားနေကြသည်။

" ထယ် ဘာတွေ စားနေတာလဲ "

" ကိုကို နိုးလာပြီလား ဒီမှာ ထယ်လုပ်ထားတဲ့
Nurungji (ထမင်းဂျိုးကြော် ) ခဏလေး
ကိုကို့ အတွက်ယူပေးမယ် "

" အွန်းး "

" Yarrr Jeon Jungkook ကံကောင်းလိုက်တာ "

" ဘာလို့လဲ "

" ထယ်ယောင်းလို ချစ်သူမျိုးရထားတာလေ "

" ဟီးး ဟုတ်တယ်နော် "

" Aigoo ပျော်လား "

" ကိုကို ရပြီ "

ဟိုဆော့က စနေတော့ ရီမိသည်။
သူ တကယ် ကံကောင်းသည်ကိုး

ပန်းကန်ပြားလေးထဲမှာ ထမင်းအချပ်ပြား
လေးတွေ ကို အပေါ်က သကြားဖြူးထား
တော့ စားချင်စဖွယ်။

အနည်းငယ်ဖဲ့ကာ စားကြည့်လိုက်တော့
ချိုပြီး တကယ် အရသာရှိသည်။

" ကိုကို ဘယ်လိုနေလဲ "

" စားကောင်းတယ် "

ပန်းကန် တစ်ခုလုံးပြောင်အောင်
စားလိုက်ပါသော Jeon Jungkookရယ်ပါ။

" Taehyung ah သွားကြမလား "

တစ်ယောက်နဲ့ တစ်ယောက်
ပြုံးဖြီးဖြီးနဲ့ မျက်စပစ်ပြနေသော ဟိုဆော့ နဲ့
ထယ့်ကြောင့် ကြောင်မိတာအမှန်

" ဘယ်သွားကြမလို့လဲ "

" အရှေ့မှာ ရေဆော့မလို့ "

" ဟာ ထယ်ကလည်း နေပူတာကို အပူရှပ်
လိမ့်မယ် "

" ကဲ မောင်ထယ်ထယ်ရေ ဟောဒီက ပိုပိုကဲကဲ
ကို နားလည်အောင်ရှင်းပြခဲ့ Hyung အရင်သွားနှင့်မယ် "

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||On viuen les histories. Descobreix ara