●◉✿ 4 ✿◉●

19K 2K 180
                                    

‌||Unicode||

" လာတော့မှာပါဆို ဘယ်လိုတွေဖြစ်နေကြတာလဲကွာ ...ခဏနေ.."

" ကိုကို "

ခေါ်သံနဲ့အတူ
အစိမ်းရောင် suite နဲ့ လှေကားထက်က
တစ်လှမ်းချင်း ဆင်းလာတဲ့ လူသားက
သူမြင်ဖူးသမျှအရာတွေထက် လှပလွန်းသည်။

နှဖူးထက်ဝဲကျနေတဲ့ အနက်ရောင် ဆံနွယ်
လေးတွေကို တစ်ချက် တစ်ချက် လက်လေးနဲ့
ဖယ်လိုက်တိုင်း လူက အကြိမ်ကြိမ် ကျရှုံးသည်။

ပြောလက်စဖုန်းကိုချကာ မျက်စိရှေ့က
အလှလေးဆီဘဲ အာရုံအပြည့်ထားလိုက်သည်။

" ကိုကို ထယ် ဘယ်လိုနေလဲဟင် "

အနည်းငယ်ရှက်နေပုံ ပေါ်တဲ့ ကလေးက
သူ့အတွက်တော့ အသည်းယားစရာ

" လှတယ် ထယ်က လှတယ် "

" တကယ်လား "

" တကယ်ပြောတာ"

" ကိုကိုလည်း အရမ်းကြည့်ကောင်းတာဘဲ
ခဏလေး "

ရုတ်တရပ် ခြေဖျားထောက်ကာ
နှဖူးပေါ် ကျနေတဲ့ ရှေ့ဆံပင်အချို့ကို
နားရွက်နောက်ကို လာသပ်တင်ပေးတဲ့ Taehyung...

နီးကပ်လွန်းတဲ့ အနေထားကြောင့်
ရင်ခုန်သံတွေက တဒိန်းဒိန်း...

" ဒါမှ ပိုကြည့်ကောင်းသွားပြီ"

" အ-အင်း သွားရအောင်"

နားရွက်တွေနီကာ စကားတွေတောင်
ထစ်သွားပါသော Jeon Jungkookပါပင်..
.

.

.

Partyရောက်တော့ ထယ်က ရှိန်နေသယောင်..

ကျောင်းနဲ့ အိမ်ဘဲ ကူးသန်းနေတဲ့
ထယ့်အတွက် ဒါမျိုးတွေက လူရှိန်စရာ
ဖြစ်နေသည်မှာ မဆန်း...

" ထယ် မကြောက်နဲ့နော် "

" ဖြစ်ပါ့မလား ကိုကိုရဲ့ လူတွေ အများကြီးဘဲ"

" ကိုယ့်လက်ကို ကိုင်ထား "

လက်ကမ်းပေးလိုက်တော့
လက်ချောင်းသွယ်သွယ်လေးတွေက
မိမိလက်ကို တင်းကြပ်စွာ လာဆုပ်ကိုင်ထားသည်။

" သွားရ‌အောင် "

Taehyungလက်ကို ဆုပ်ကိုင်ကာ
Partyထဲ၀င်သွားတော့ ၀န်ထမ်းအချို့က
သူ့ကို နှုတ်ဆက်ကြသည်။

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Kde žijí příběhy. Začni objevovat