●◉✿ 8 ✿◉●

17.6K 2K 176
                                    

||Unicode||

📞 " ကိုကို ထယ့်ကို ည ၈နာရီ လာကြိုနော် "

" အွန်းပါ စာသေချာလုပ် "

📞" ဒါဘဲနော် ကိုကို အာဘွား "

*တီ* ခနဲချသွားတဲ့ ဖုန်းကို ကြည့်ကာ
ပြုံးလိုက််မိသည်။

အခုဆို စာမေးပွဲ ဖြေဖို့ ၁ပတ်ဘဲလိုတော့တာမို့
ပေါက်စ တစ်ယောက် နားချိန်ကို မရှိရှာ...

ကျောင်းကပြန်တာနဲ့ အချိန်ပို အတန်းတွေဆီ
သူ့ခမျာ ပြေးရသေးသည်။

ပြန်ရောက်ရင်လည်း အခန်းထဲကနေ
မထွက်တော့ တကုတ်ကုတ်နဲ့ စာလုပ်နေရှာသည်။

အိပ်ရေးမ၀တာတွေကြောင့်ကော စာပိတာ
ကြောင့်ကော ကလေးက နည်းနည်းတောင်
ပိန်လာသလိုရယ်....

သစ်တော်သီး ဗိုက်လေးကဆို အခုဆို အစား
သိပ်မစားတာကြောင့် ပါးချပ်ချပ်လေး
ဖြစ်နေပြီ

ထယ့်ကို ပင်ပန်းအောင် လုပ်နေတဲ့
စာမေးပွဲဆိုတာကြီးသာ လူဆိုလျှင်
ရစရာမရှိအောင် ရိုက်နှက်ပစ်ချင်မိသား။

ရုံးဆင်းတာနဲ့ အိမ်ကို အရင်ပြန်ပြီး
ရေချိုးလိုက်သည်။

ခေါင်းရေစို ‌သုတ်ရင်း မှန်ကကြည့်မိတော့

" ဆံပင်တွေရှည်နေပြီဘဲ "

နာရီကို ကြည့်လိုက်တော့ ၆နာရီလောက်ဘဲ
ရှိဦးမည်။

ပေါ့ပေါ့ပါးပါးဘဲ ၀တ်ကာ ကားသော့ဆွဲပြီး
Supermarket သို့....

ထယ်ယောင်း အတွက် မုန့် ၊ အားဆေး ၊
ဘောပင် ဘာညာ နဲ့ အိမ်အတွက် လိုအပ်တာ
နည်းနည်းပါးပါး ၀င်၀ယ်လိုက်သည်။

သွားကြိုဖို့ အချိန်ကလည်း
နည်းနည်းလိုသေးတာနဲ့ ဆံပင်ရှည်တွေကို
ညှပ်ဖို့ ဆံပင်ညှပ်ဆိုင်ထဲ ၀င်လိုက်သည်။

.

.

.

" Jimin စာတွေ သေချာလုပ်နော်
ဂိမ်းမဆော့နဲ့တော့ ကြားလား "

" ဟုတ်ကဲ့ပါ ခင်ဗျာ သွားတော့မယ် Appaလာကြိုနေပြီ "

" အွန်း အွန်း"

Jimin နဲ့ နှုတ်ဆက်ပြီး လွယ်အိတ်ထဲ
စာအုပ်တွေ သေချာထည့်ကာ
ဖုန်းကို ထုတ်ကြည့်လိုက်သည်။

𝙱𝚊𝚋𝚢 𝚂𝚝𝚛𝚊𝚠𝚋𝚎𝚛𝚛𝚢 🍓|| Taekook ||Where stories live. Discover now