"ဆွေးနွေးတယ် ဟုတ်လား?
ကျွန်တော့်ဆိုင်တစ်ဆိုင်လုံးမီးလောင်သွားတကို ဆွေးနွေးနေတုန်လား!!!"

"အရှေ့ကအစောင့်တွေဘာလုပ်နေတာလဲ!!"

ဘေးနားကခပ်ဝဝနဲ့လူကြီးက Harry ကိုဆွဲထုတ်ရန်အော်နေသည်။
Harry ဂရုမစိုက်ပဲထိုလူအနားနားထိသွားကာ မျက်နှာကိုစေ့စေ့ကြည့်ပြီး လက်သီးပြင်းပြင်းနဲ့ထိုးချလိုက်သည်။

"ခွပ်!!
ခင်ဗျားလိုရဲမှူးမျိူးသေတာပဲအေးတယ်"

"ဟေ့ မင်းဘာလုပ်လိုက်တာလဲ!!!
မြို့စားမင်းကိုထိုးရဲတယ်!!!"

"ဟင်!!"

Harry ရုတ်တရက်ထွက်ပြေးပါသော်လည်း စခန်းရှေ့မှာတင် အနက်ရောင်ဝတ်စုံတွေဝတ်ထားတဲ့ လူနှစ်ဦးကပိတ်ရပ်ထားသည်။
သူတို့ရဲ့သခင်အမိန့်ကိုစောင့်နေတဲ့ပုံပဲ။

သိပ်မကြာလိုက်...။
စခန်းထဲမှထိုမြို့စားဆိုတဲ့လူထွက်လာပြီး Harry ကိုကြည့်နေသည်။ သူ့မျက်နှာကိုထိုးတဲ့အတွက် လက်စားချေတော့မဲ့အကြည့်မျိုး။နှုတ်ခမ်းထောင့်စွန်းကသွေးတွေကိုလက်နဲ့သုတ်လိုက်တာကြောင့် လက်အိတ်ဖြူပေါ်မှာ နီရဲလျက်။

"ဘာလုပ်လိုက်ရမလဲ မင်းသား"

"ခေါ်လာခဲ့!"

"ကျွန်...ကျွန်တော်တောင်းပန်ပါတယ်
ကျွန်တော့်ကိုထောင်ထဲမထည့်ပါနဲ့"

ကားပေါ်တက်တော့မဲ့ သူ့ရဲ့လက်မောင်းကိုဖမ်းဆွဲထားကာ တောင်းပန်စကားကိုနှုတ်မှအကြိမ်ကြိမ်ရွတ်ဆိုနေသည်။ ထိုလူက တချက်တောင်လှည့်မကြည့်။ သူ့လက်ကိုရုန်းလိုက်ချိန်မှာပဲ Harry ခေါင်းကိုတစ်ခုခုနဲ့ရိုက်ခံရသလိုဖြစ်ပြီး သတိလစ်သွားသည်။

"သူ့ကိုအိမ်တော်ကိုခေါ်သွားမလို့လား မင်းသား"

"မင်းကဘယ်ကိုခေါ်သွားချင်လို့လဲ?"

"မ..မခေါ်ပါဘူး"

"ကားပေါ်တင်လိုက်"

"ဟုတ်ကဲ့"

လူတွေနဲ့ထိတွေ့ရမှာမုန်းလို့ လက်အိတ်ဖြူအမြဲဝတ်ထားခဲ့ပေမဲ့ အဲ့ကောင်လေးလက်သီးနဲ့ထိုးတာကိုတော့ ပထမဆုံးအကြိမ်မမုန်းမိဘူး။ဒါကြောင့်ပဲ အိမ်တော်ကိုခေါ်လာခဲ့တယ်။ မြို့စားကိုလက်သီးနဲ့ထိုးရဲတယ်ဆိုတော့ သတ္တိကတော့ဘယ်ခေလိမ့်မလဲ။
အိမ်တော်ကိုသွားရာလမ်းမှ ကောင်းကင်ကငေးမောကြည့်ရင်း Severus ထိုကောင်လေးအကြောင်းစဥ်းစားနေသည်။ သူ့နာမည်ကိုတော့ အိမ်တော်ရောက်မှပဲမေးရတော့မယ်။

My Half-blood PrinceWhere stories live. Discover now