အပိုင်း ၁၃

2.9K 525 15
                                    

Unicode Version

အပိုင်း၁၃။ညီအစ်မများ၏ ရည်မှန်းချက်

ဖန်းလိုင်ဂိုဏ်း၏ ဖွဲ့စည်းပုံမှာ လွန်စွာထူးကဲလှပေသည်။

တိမ်တိုက်လှေအုပ်စုဖွဲ့သည် ဟေးဟွမ်ဂိုဏ်းသို့ရောက်ရှိသည်နှင့်တစ်ပြိုင်နက် အားလုံး၏စိတ်အာရုံအား အထူးတလည်ပင်ဖမ်းစားနိုင်လွန်းသည်။ အများစုမှာ မျိုးဆက်သစ်အဖွဲ့များဖြစ်ကြပြီး ယခုအခါ ထိုသူများ၏အထူးတလည်အာရုံမှာတဖန်ပြန်၍ နောက်ဆုံးမှရောက်ရှိလာပါသော ကြိုးကြာရထားလုံးထံရွေ့လျားလို့သွားရ၏။

သို့နောက်ဝယ် ..ကန့်လန့်ကာအားကိုယ်တိုင်ကိုယ်ကျ 'မ'ထူကာ ပိန်ပိန်သွယ်သွယ်၊ ဝါးပင်သကဲ့သို့အရပ်မြင့်မားသည့်လူတစ်ဦး ဦးစွာထွက်ရှိလာ၏။

ရွှမ်းဝေရှန့်ကျွင်း သည်အစွန်းအထင်းတစ်ကွက်မျှပင် မရှိလေသော ဝတ်ရုံဖြူ၊ ငွေမှင်ရောင်ဦးရစ် မကိုဋ်တစ်ခုဖြင့် သူ၏ဆံနွယ်အားစုသိမ်းစည်းနှောင်ထားကာ သူ၏စူးရှထက်မြက်လှသောသော အသွင်မှာ ပင့်တင်နေသောမျက်ဝန်း၊ ပါးလွှာသောနီကြင်ကြင် နှုတ်ခမ်းတစ်စုံဖြင့် ပေါင်းစပ်၍ မြင်ရသူအပေါင်းအား အလွှာခြားကာ တစ်သီးတစ်ခြားနိုင်သော ခံစားချက်အစုံစုံအားပေးလေ၏။ နှစ်တစ်ထောင်သွေးရှထားသော ဓားတစ်ချောင်းနှင့်ပင်ဆင်တူလေသည်။

သူ၏ဂုဏ်သတင်းကျော်ဇောခြင်း ကြောင့်များလားပင် မသိ၊ လူ အများစုသည် အသက်ရှုပင်အောင့်မိပုံမှာ သူတစ်ယောက် စိတ်အနှောင့်အယှက်ဖြစ်မှာကို စိုးရိမ်မိသည့်အလား၊ မိန်းကလေးတပည့်များမှာလည်းသူ့အား မြင်လျှင်မြင်ခြင်းပင်စွဲလမ်းစုံမက်ကြချေပြီ။

ကျင့်ကြံရေးလောကတွင် ဖြောင့်မတ်သောဂိုဏ်းကြီးလေးဂိုဏ်းရှိခဲ့ပြီး ဖန်းလိုင်ဂိုဏ်း၏ဦးဆောင်မှုအောက်တွင်ရှိလေသည်။ ကျန်ဂိုဏ်းများမှာ ရှေးဟောင်းအသုံးအဆောင်များဖန်တီးသည့် ရင်ကျိုးဂိုဏ်း၊ ဆေးဝါးနှင့်အဆိပ်ဗေဒပညာရပ် ယိုးဝမ်ချိုင့်ဝှမ်း၊ ကွမ်းဟန်အမျိုးသမီးနန်းဆောင်တို့ဖြစ်ကြပြီး ဟေးဟွမ်မှာမူအားလုံးထဲမှ အကြီးဆုံးကြားနေဂိုဏ်းတစ်ခုပင်။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now