အပိုင်း ၂၇ - ပ

1.8K 307 9
                                    

Unicode Version

အခန်း (၂၇-ပ) ။ မင်းဟာ လူဆိုးလေးပဲ။

အဆုံးမှာတော့ ကျန်းရင်ဟယ်တစ်ယောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားပါလေတော့သည်။

ကျန်းရင်ဟယ်သည်ကား သူ၏အိပ်ရာနယ်နိမိတ်အား ထိပါးလာခြင်းအား သည်းမခံနိုင်သော သူတစ်ဦးတော့မဟုတ်ခဲ့ပါချေ၊ ညလယ်ခန့်တွင်တော့ ကျွင်းအာသည်လည်းမောပန်းနွမ်းနယ်လာကာ ကျန်းရင်ဟယ် နံဘေး၌လဲလျောင်းကာ စောင့်ဆိုင်းလို့နေပေသည်၊ သို့တစေ ကျန်းရင်ဟယ်မှာမူ မနိုးသွားခဲ့ပါပေ။

ယုံကြည်ရသောသူ၏ နံဘေးတွင်ရှိနေခြင်းက သင့်အားသတိလက်လွတ်နေခြင်း ကိုဖြစ်စေတတ်သည်မို့လား။

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျရာမှ နံနက်ခင်း၌သာ ကျန်းရင်ဟယ် ကောင်းမွန်စွာနိုးထလာပြီး ဝေယျာဝစ္စများအား လုပ်တော့လေသည်၊ ထန်ကွေ့ယူ၏အဆိုအရ ညအချိန်ဤလက်ကောက်အားဝတ်ဆင်မည်ဆိုပါက နံနက်ခင်းအချိန်တွင် သူ၏ခန္ဓာ၌ ဘေးထွက်ဆိုးကျိုးများလျော့ နည်းသွားလိမ့်မည်ဟု။

လက်ကောက်အားချွတ်ကာ သူသိမ်းဆည်းလိုက်ပေပြီ၊ သူ၏ဆံနွယ်များအားဖြီးသင်နေစဥ်အတွင်း ချောမွေ့တောက်ပြောင်စွာ ကျစ်ထားသည့်ကြိုးတစ်စအားတွေ့မြင်လိုက်ရပေသည်။

သူသည်ကား လွန်စွာမှ အံ့အားသင့်သွားပါ၏၊ အနီးကပ်ပင်လေ့လာကြည့်ရှုခဲ့သော် သပ်ရပ်သေသပ်စွာ ရက်လုပ်ထားပါသော၊ အနားသပ်တွင်မီးခိုးရောင်ချည်စဖြင့် ကျကျနနကျစ်နှောင်ထားပါသော။

သူရှာဖွေတွေ့ရှိခဲ့သော အနှီတောက်ပသည့်မီးခိုရောင်ကြိုးစလေးမှာ ခေါင်း၌စည်းနှောင်သောကြိုးပါသတည်း။

ကျန်းရင်ဟယ် လုံးဝဥဿုံ သတိနိုးကြားသွားပေပြီ၊ သူသည်ကား အနှောင့်အယှက်ဖြစ်သောလေသံဖြင့် "ကျွင်းအာ? "

သူ၏အနောက်မှ ခပ်နိမ့်နိမ့်ရယ်သံတချို့ ထွက်ပေါ်လို့လာခဲ့လေပြီ၊ ချင်းကျွင်း သူ၏အနားသို့လျှောက်လှမ်းလာပြီး အမူအရာမှာနောင်တရသလို၊ သို့တစေ လေသံမှာတော့ နောင်တမရသည့်နှယ် " မနေ့ညက တော်တော်လေးပျင်းဖို့ကောင်းတာပဲ....အဲ့ဒါနဲ့ ကျွန်တော်လည်း ရှစ်စွင်းအတွက် လက်ဆောင်လေးပေးဖို့လုပ်ထားတာ"

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now