အပိုင်း ၃၈

1.6K 262 30
                                    


Unicode Version

အခန်း ၃၈။ ချမ်းသာပေးပါကွာ။

ညနက်နက်၏လေပြေသည်ကား အေးစက်လွန်းလှချေသည်။
 
ထို့အတူပင် လီဟွမ်ဟန် ဆုပ်ကိုင်ထားခဲ့သော သူ၏လက်ချောင်းများမှာ တဆတ်ဆတ်တုန်ရီနေခဲ့လေသည်။
 
ကျန်းရင်ဟယ် တစ်စုံတစ်ခုအား တွေးတောနေရင်းမှပင် တချိန်လုံးတိတ်ဆိတ်နေခဲ့သော system ထံမှ ရုတ်ချည်းပဲ ချိုသာသောသတိပေးချက်တစ်ခု ထွက်ပေါ်လာ၏။
 
[အမှောင်ခန်းတံခါးသော့ ပွင့်လှစ်သွားပါပြီ...ဂုဏ်ယူပါတယ်!!!]
 
၉၇% နားတရစ်ဝဲဝဲရောက်နေသော တိုးတက်မှုပြဘားတန်းကြီး ရုတ်တရက် ၁၀၀% ထိတိုင် ခုန်တက်သွားခဲ့သည့်နောက်မှာတော့ အဆုံးသတ်ဝယ် ကျန်းရင်ဟယ်တစ်ယောက် ရုတ်တရက် သဘောပေါက်သွားရပြီ။
 
ထိုအရာနှင့်စပ်လျင်း၍ ကျန်းရင်ဟယ် ဆိုးရွားသောခံစားချက်တစ်ခုရလိုက်၏။
 
  .....ဒီလိုကိစ္စမျိုးကို ဘာဖြစ်လို့ ချီးကျူးဂုဏ်ပြုဖို့လိုရတာလဲ? System.. ခင်ဗျား တကယ်ပဲ တပည့်တွေကို သင်ကြားဖို့တိုင်းတာပေးခဲ့လို့လား?"

ယခင်က သူအမြဲလိုလိုတွေ့မြင်နေခဲ့သော လီဟွမ်ဟန်အား သူကြည့်လိုက်ပြီ၊ သို့တိုင် ထိုအချိန်သူတွေ့မြင်လိုက်ရသည်များကတော့ တစထက်တစပိုမိုနက်ရှိုင်းညှို့မှိုင်းလာခဲ့သည့်မျက်ဝန်းများ၊ ပျစ်ခဲနေသော သွေးအိုင်ကဲ့သို့ပင်။
 
ကျန်းရင်ဟယ် ကျောတစ်လျှောက် ကြက်သီးမွှေးညှင်းများပင် စိမ့်ဖြာထောင်ထသွား၏၊ ယခုအခါတွင်မှ သူ၏အကြီးဆုံးတပည့်အား ပထမဆုံးအနေအားဖြင့် သူကြောက်မိလာရဖူးခြင်း၊ သံသတ္တုရနံ့နှင့် မနီယိုးစွဲဆင်တူလှသော သွေးရနံ့တချို့ လေထုအတွင်း ပျံ့နှံ့လာသည့်အခါမှာတော့ဖြင့် ၊ အသိမဲ့လာစွာ၊ သူ၏ခြေလှမ်းများ တရွေ့ရွေ့ နောက်ဆုတ်မိလိုက်ပြီ။

သူ၏ခြေလှမ်းများ အနောက်သို့အနည်းငယ် ဆုတ်မိလာသည့်အခါမှာတော့ တစ်ဖက်လူက သူ့အားတင်းတင်းကြပ်ကြပ်ပွေ့ဖက်လာ၏၊ အနီးအနားရှိ ရေစီးသံများအား ကျန်းရင်ဟယ် ကြားနေရသည်၊ ရက်စက်ကြမ်းကြုတ်သော အေးစိမ့်သော သွေးရနံ့များသည်ကား ထူထဲလှသော မိစ္ဆာတိမ်တိုက်ထုကြီးကဲ့သို့ သူတို့နှစ်ဦးအပေါ်လွှမ်းခြုံဖုံးကွယ်သွားသည့်သဖွယ်။
   
ကျန်းရင်ဟယ် စကားပြောဟန်ပြင်လိုက်သည်၊ သို့သော် သူရုတ်တရက်သတိပြုလိုက်မိသည်က နဂိုပုံမှန်မြေပြင်အနေအထားပေါ်မှ ထွက်ပေါ်လာခဲ့သောသွေးဥမွှားများ၊ အရပ်မျက်နှာအသီးသီးထံမှသည် စမ်းချောင်းတစ်ခုအသွင်နှယ် ပေါင်းစည်းသွားရပေပြီး ရေကန်တစ်ခုအသွင်အနေဖြင့် ဖြစ်တည်သွားရသည့်ပုံအား။

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now