အပိုင်း ၂၈

1.8K 283 53
                                    

Unicode Version

အခန်း (၂၈) ။ အမှောင်ယံညအလယ်မှ အလင်းစက်

လန်ရိုဘုရားကျောင်း...

"ကျို့ယင်းက စာချုပ်ကိုချိုးဖောက်တယ်" အပြာနုရောင်ဝတ်ရုံဆင်မြန်းထားသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကပြောခြင်းပေ " လူသားတွေနဲ့မိစ္ဆာတွေကြား သဘောတူစာချုပ်ကရှိပြီးသားလေ...သူဘယ်လောက်တောင်အတင့်ရဲပြီး ဆရာတော်ကိုတိုက်ခိုက်ရဲတာလဲ?"

ရင်ကျိုးဂိုဏ်းမှ ကျင့်ကြံသူမှာလည်း ထပ်မံဖြည့်စွက်ပြန်သည် " မိစ္ဆာတွေက သူတို့ကျိန်ဆိုချက်တွေကိုစပြီး ချိုးဖောက်ခဲ့တာဖြစ်လို့ ငါတို့လည်းထပ်ပြီး ထိန်းချုပ်စရာမလိုတော့ဘူး"

သူတို့နှစ်ဦးနှင့် ခပ်လှမ်းလှမ်းမှရပ်နေပါသော ယိုးဝမ်တောင်ကြား၏ ကနဦးအမတအဆင့်ကျန်းရန်တစ်ယောက်မှ သက်ပြင်းချလာ၏ " ဒီလိုဆို မျက်လုံးတစ်လုံးအတွက်ပဲ ကမ္ဘာကြီးတစ်ခုလုံးမှောင်အတိကျသွားတော့မှာပေါ့....ကျွန်တော်တို့သာတကယ်တမ်းတိုက်ခိုက်ကျမယ်ဆိုရင် နစ်နာဆုံးရှုံးသွားမဲ့လူတွေမှအများကြီးနော်"

" ဒါဆိုခင်ဗျားက ကျို့ယင်းက ငါတို့ရဲ့ကျင့်ကြံသူဆရာတော်တစ်ပါးကို စိတ်ကြိုက်ဝါးမျိုဖို့ ခွင့်ပြုလိုက်တဲ့သဘောလား?!"

လူအများအပြားဒေါသထွက်လာရ၍ ဆွေးနွေးမှုစကားဝိုင်းတဖြတ်ရပ်တန့်သွားချေပြီ၊ ဤအခိုက်အတန့်... စကားဝိုင်းတွင်ဝင်မပါခဲ့သည့် ဆရာတော်ချန်ကျင်းမှ ပြင်းထန်စွာချောင်းဆိုးလာခဲ့၏။

လူအားလုံး၏ ဦးခေါင်းမှာ ဆရာတော်ရှိရာဘက်သို့ လှည့်လာကြလေပြီ၊ သူ၏အနားတွင်တော့ အချိန်ကြာမြင့်စွာ ခပ်ဆိတ်ဆိတ်နေခဲ့သော ရွှမ်းဝေရှန့်ကျွင်း။

အသက်အရွယ်အရ...ချန်ကျင်းဆရာတော်မှာ အကြီးပင်မို့၊ သို့တစေ သူ၏စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုအတွင်း ကျရောက်နေပါသဖြင့် ကျောင်းတော်မှထွက်ခွာခွင့်မရခဲ့ပါတကား၊ သို့ပါ၍ ဤတစ်ခေါက် စစ်ဆင်ရေးအတွင်း ကျန်းရင်ဟယ်ထံသို့သာ ဖိအားများသက်ရောက်လာတော့သည်လေး။

" မလိုအပ်ဘဲ အသက်ဆုံးရှုံးမှာကိုတော့ ဒီဆရာတော်မလိုလားပါဘူး" ချန်ကျင်းဆရာတော် ပြောပါ၏ " ဒါပေမယ့် ကျန်းရှန့်ကျွင်း ကိုတော့တောင်းဆိုချင်တာ တစ်ခုတော့ရှိပါတယ်"

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now