အပိုင်း ၂၉

2.2K 320 27
                                    

Unicode Version

အခန်း (၂၉) ။ သန်းခေါင်ယံညကမှောင်လွန်းလှတယ်...ငါ့နောက်ကိုလိုက်ခဲ့ပါအချစ်လေး။

ကျန်းရင်ဟယ်သည်ကား လ္ဘက်ရည်တစ်ခွက်ဌဲ့လို​က်ပြန်သည်။

လ္ဘက်ရည်မှာနွေးထွေးလှပါ၏၊ လန်ရိုဘုရားကျောင်း၏ 'မော့ရူရွှေ'(ရေ) မှာ အရသာလွန်စွာ ပေါ့သွမ်းလေသည်။

" အခြေအနေကတော့ ဒီလိုပဲ" ချိုးယုံကျိုးသည်ကား သူ၏မျက်နှာခြင်းဆိုင်၌ ထိုင်ကာပြောလာ၏ "ကျွန်တော်တို့ယိုးဝမ်တောင်ကြားက ကိုယ့်ရဲ့အစွမ်းအစကိုကောင်းကောင်းကြီး သိကြတယ်...ဒါကြောင့်ကျွန်တော်ရှန့်ကျွင်းကိုလာတွေ့ရတာပါပဲ....ဒဏ္ဍာရီလာအဆိုအရတော့ သူတော်စင်ဓားသမားထိုက်ချူးရဲ့ စံအိမ်တော်မှာ မိစ္ဆာအငွေ့အသက်တွေကိုဆွဲနှုတ်ပြီး တဖန်ပြန်လည်ရှင်သန်ထမြောက်နိုင်တဲ့ ဆေးတစ်လက်ရှိခဲ့တယ်.."

သူသည်ကား ခေတ္တမျှရပ်နားလိုက်ရင်း " ရှန့်ကျွင်းက သူ့ရဲ့ချစ်တပည့်အတွက်ပူပင်နေရတယ် လို့ကျွန်တော်တို့ကြားမိတယ်...ဒါနဲ့....ရှန့်ကျွင်းဘာကြောင့်များ ကျွန်တော်နဲ့ဒါကိုမရှာဖွေရမှာလဲ?..နောက်ပြီး... ကျန်းရှန့်ကျွင်းကိုကျွန်တော်တို့နဲ့အတူတူ ရတနာတွေကို ရှာဖွေဖို့ ပထမဆုံးအနေနဲ့ ကမ်းလှမ်းရတာပဲ..."

ကျန်းရင်ဟယ်သည်ကား ခေတ္တမျှတိတ်ဆိတ်သွားလေပြီး " သူတော်စင်ဓားသမားထိုက်ချူး? သူကတစ်ဝက်အဆင့်ရွှေအမတပဲ"

"ဟုတ်တယ်" ချိုးယုံကျိုးပြောလာ၏ " လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာ မိစ္ဆာမျိုးနွယ်တွေအုပ်စိုးခဲ့စဥ်တုန်းကပေါ့...သူတော်စင်ဓားသမားထိုက်ချူးက ဖြောင့်မတ်တဲ့အုပ်စုရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်...ဒါပေမယ့်သူ့ကိုနောက်ဆုံးတွေ့ခဲ့တဲ့ အချိန်ကတော်တော်လေးကြာခဲ့ပြီ....ကျွန်တော်တို့ရှာတွေ့နိုင်တာဆိုလို့ သူ့ရဲ့စံအိမ်ဟောင်းကြီးတစ်ခုပဲကျန်တော့တယ်"

" စံအိမ်ဟောင်း" ကျန်းရင်ဟယ် တွေးတောလိုက်ရင်း " ဒါဆိုခင်ဗျားတို့ ယိုးဝမ်တောင်ကြား ကလူတွေကအဲ့ဒီ့ကိုသွားမယ်ပေါ့?"

ချိုးယုံကျိုး ခေါင်းညိတ်လိုက်ပါ၏ " တကယ်လို့များ ရှန့်ကျွင်းမှာ တစ်ခုခုစိုးရိမ်စရာများရှိနေရင် ဖန်းလိုင်ဂိုဏ်းရဲ့ ကျန်းရန်တစ်ယောက်ယောက်ကို ခေါ်ပြီးအတူသွားလို့ရပါတယ်"

မိစ္ဆာတပည့်များဝိုင်းရံနေသော အမတရှစ်စွင်း [မြန်မာဘာသာပြန်] {Book 1}Where stories live. Discover now