1.10

2.7K 449 44
                                    


Unicode

" ရန်ပြည်နယ်အမဲလိုက်ပွဲမှာ ကျောင်းသားအားလုံးပါဝင်ယှဉ်ပြိုင်ရမယ်..''

ဆရာရန်၏ အိနြေ္ဒ အပြည့်တည်တံ့သောအသံထွက်ပေါ်လာသည်နှင့် ကျောင်းသားများ စိတ်လှုပ်ရှားစွာ လှုပ်လှုပ်ယွယွဖြစ်ပေါ်လာသည် ။ ထူးခြားလွန်းသော ပြိုင်ပွဲဖြစ်သည်ကြောင့် အားလုံးက တက်ကြွစွာပါဝင်လိုကြသည်။ သို့သော် ပါဝင်သူအများစုက အနိုင်ယူလိုစိတ်ပြင်းပြသည်ကြောင့် တရားမမျှသည့်ပြိုင်ဆိုင်မှုများနှင့် အန္တာရယ်လည်းကြီးလှပါသည် ။

ယခုနှစ်အနိုင်ရရှိသူသည် တချီပြည်အလှဆုံးစာရင်းဝင် နွဲ့မျိုးနွယ်စုရဲ့ မိန်းမပျိုလေးနှင့် တချီဧကရာဇ်ကိုယ်တိုင် လက်ဆက်ထိန်းမြှားပေးမည် ဖြစ်တာကြောင့် ဆယ်ကျော်သက်အမျိုးသားငယ်လေးများက အနိုင်ရလိုစိတ်ပြင်းပြနေကြခြင်းဖြစ်သည်။ ကြားဖူးနားဝရှိသည်က ထိုမိန်းမလှလေးပြုံးလိုက်ရင်ပင်လျှင် ချယ်ရီပန်းတို့ ပင်လုံးကျွတ်မြေခကြသည်ဟုပင်ဆိုကြသည် ။ မမြင်ဖူးရသေးသော်ငှါး နာမည်ကျော် ထူးကဲလှသော အလှပိုင်ရှင်မိန်းကလေးအား လူငယ်အမျိုးသားတို့ စိတ်ကူးနဲ့ပင် သိမ်းပိုက်ချင်လှပြီ ။

စာသင်ချိန်တစ်လျှောက်လုံး ထိုသတင်းကြောင့် ကျောင်းသားများစိတ်လှုပ်ရှားစွာ စာကိုပင် အာရုံမစိုက်နိုင်ကြပါတော့..။

သို့သော် စာဂျပိုး နှင့် တစ်ယောက်သော အိမ်ရှေ့စံမှလွဲ၍ပင်..။

အရပ်သား လန်လင့်ဝမ် ကတော့ ထိုသတင်းကိုအာရုံမစိုက်စွာ စာအုပ်ထဲမျက်နှာခေါင်းစိုက်နေဆဲပင်...။

မပြိုင်မဖြစ်ပြိုင်မှရမယ်ဆိုလည်း ပြိုင်ပေးရမှာပေါ့လေ..။
ဘယ်လိုမိန်းကလေးလည်း မသိပေမယ့် လူတိုင်းနီးပါး ပါးစပ်ဖျားစွဲနေတဲ့ မိန်းကလေးကို တစ်ခါလောက်တွေ့ဖူးတာပေါ့...။

နေပါဦး..တချီဧကရာဇ်ဆိုတော့...အိမ်ရှေ့စံ ဝမ်ရိပေါ်ရဲ့ အဖေ ဝမ်မင်းကြီးများလား......?

စပ်စုချင်တဲ့ စိတ်နဲ့ဝမ်ရိပေါ်ကိုမသိမသာလှည့်ကြည့်တော့ စာထဲလည်းအာရုံမစိုက်စွာ တစ်စုံတစ်ရာကိုအလေးအနက်တွေးတောနေသလိုဖြစ်သည် ။

Pet System ( Arc - 1, ရှောင်းကျန့်) Where stories live. Discover now