1.6

3.1K 447 57
                                    

" နောက်တစ်ခုက အမျက်ဒေါသ ကင်းစင်ခြင်း ဥာဏ်ပညာဖြင့် ထိန်းကွပ်ခြင်း ''

အေးချမ်းသော ပတ်ဝန်းကျင်အဆောင်ငယ်လေး၌ ဆရာရန်၏ စာသင်သံမှလွှဲ၍ မည်သည့်ဆူညံသံမှ မကြားရ ။

ဂရုတစိုက်နားထောင်မှတ်သားနေသော တစ်တိုင်းတစ်ပြည်မှမင်းသားများဟာလဲ အာရုံစူးစိုက်နေကြသည် ။ သို့သော်ထိုထဲ၌ ဝမ်ရိပေါ် မပါဝင်ပေ....။

ဆရာဖြစ်သူကို မလေးမစားပြုလုပ်သည်မဟုတ်သော်လည်း ရိပေါ် ထိုနေရာမှ ထပြန်ချင်နေ၏ ။ မျက်နှာပြင်က သူ့မူအတိုင်းတည်တံ့နေသော်လည်း ရိပေါ့်ရင်ထဲ မသက်သာပေ..။ ပုံမှန်ဆိုသည် ဝမ်အိမ်ရှေ့စံဖြစ်သော သူသည်  မည်သည့်ပညာကိုမဆိုမလွန်တန်ဖိုးထား လေ့လာသင်ယူတတ်စမြဲပင်....... ။

သို့သော်...ယခု သူ့စိတ်အစုံသည် ကတ္တီပါ သားသဖွယ်နူးညံ့လွန်းသော အမွှေးနုကလေးများရှိသည့် နားရွက်ရှည် ခဲရောင် ယုန်ကလေးဆီသာ ရောက်ရှိနေလေ၏ ။

မနက်ကတည်းက နျန်ယွီနဲ့ထားခဲ့တာ အဆင်ပြေရဲ့လား သူသိချင်နေသည် ။ ဟိုမိန်းကလေးများ ယုန်ကလေးကို ပြန်လာခေါ်မလား စိတ်ပူနေမိသည်..။ စာသင်နေချိန် ခေါ်ထားချင်ပေမယ့် ဆရာဖြစ်သူအား လေးစားသမှုမရှိသည့် လုပ်ရပ်ဖြစ်မည်ဆိုးသဖြင့် ရိပေါ်ထိုသို့မပြုလုပ်လိုက်ရ....။

လေးထောင့်ကျ ခြေတိုစားပွဲလေး၌ထိုင်နေရင်း ဝတ်ရုံစကို ခပ်တင်းတင်းစုပ်ကိုင်ကာ ရိပေါ့်စိတ်မရှည်မှုတွေကိုသည်းခံလိုက်ရတော့သည်.......။

တစ်သက်နဲ့တစ်ခါ...ဆရာတွေ စကားရှည်တယ်ထင်တာ ရိပေါ့်ဘဝ ဒါပထမဆုံးပဲ....။

ကြည့်...မပြီးနိုင်တော့ဘူး....( ͠° ͟ʖ ͡°)

အချိန်မနည်းကြာ ဆရာရန် စာသင် ရပ်နားလိုက်သည်နှင်..။
အလျှင်အမြန် အဆောင်တွင်းမှထွက်ဖို့ မစောင့်နိုင်တော့မှာ ဝမ်ရိပေါ်ဖြစ်သည်။

ကြောင်အန်းစွာ ကြည့်နေရသော သူများမှာလဲ လွန်စွာ အံ့သြလျှက်ရှိနေကြ၏....။ ဝမ်ရိပေါ် ရေးကြီးသုတ်ပြာ အရေးတကြီး ပြေးထွက်သွားသည်မှာ ဒါပထမဆုံးဖြစ်ပေသည်မဟုတ်လား....။

ထိုမျက်လုံးများထဲ အိမ်ရှေ့စံအား စပ်စုပ်ဖွယ်အကြည့်များနှင့်အတူ ရန်လိုမုန်းတီသော အကြည့်တစ်စုံလည်း စူးရှစွာပါဝင်သည်။

Pet System ( Arc - 1, ရှောင်းကျန့်) Where stories live. Discover now