1.4

3K 495 47
                                    

[ veve အခုတစ်လောဇာတ်လိုက်ကို မတွေ့တာကြာပြီ သူအခုဘာလုပ်နေလဲ..?]

ရက် ၂၀ ရှိခဲ့ပြီ mission ပြည့်ဖို့မလိုတော့ဘူး ဇာတ်လိုက်ကို မတွေ့တာလဲ ကြာပြီဖြစ်သည်။ ဘာရယ်မဟုတ်ပေမယ့် အမြဲမမြင်ချင်မှအဆုံးမြင်တွေ့နေရတဲ့သူအား ရုတ်တရက် ကြီးမမြင်မတွေ့ရတော့ တစ်ခုခုလိုအပ်နေတာ အမှန်ပင်ဖြစ်သည်။

[ ဇာတ်လိုက်က စစ်ဗျူဟာစီမံကိန်းရေးဆွဲနေပါတယ် host , အရမ်းတွေတွေ့ချင်နေပြီလား (⇀_⇀) ]

အရင်က သူပဲရှောင်ပြေးဖို့ကြိုးစားနေပြီး (;一_一)

[ ပေါက်ကရတွေလျှောက်မပြောစမ်းနဲ့ ငါက ဒီအတိုင်းလေးမတွေ့လို့မေးကြည့်တာ]

ယုန်ကလေးရှောင်းကျန့်က လိပ်ပြာမလုံသလိုအတင်းဖြေရှင်းချက်ပေးတော့ system လေးက ယုံဖို့ခက်ခဲစွာ '' အော် '' ဟုဆိုသတဲ့။ veve ကိုယ်တိုင်လဲ မဖြစ်နိုင်ဘူးဆိုချင်ပေမယ့် ဒီဇာတ်ကြောင်းပြောင်းလဲမှုကို မယုံကြည်ချင်စွာ လက်ခံရတော့မည် ။ ဘာလို့ဆို ဇာတ်လိုက်ရဲ့ အမူအကျင်တွေက မူလဇာတ်ကြောင်းနဲ့အများကြီးကွာခြားနေသည် ။ ဇာတ်လိုက်ဟာ ဇာတ်လိုက်မကလွဲရင် ဘာဖြစ်ဖြစ်ဂရုမစိုက်တတ်တဲ့သူတစ်ယောက်ဖြစ်သည် သို့သော် ဇာတ်ကြောင်းရဲ့ စွပ်ပြုတ်သာသာ host ကိုရဖို့ အမူအကျင့်တွေပြောင်းလဲစွာ စစ်သေနာပတိ ကိုကူညီဦးမည်တဲ့ ၊ ဒီ ချန်နိုင်ငံနဲ့စစ်ပွဲသာ အနိုင်ရရှိရင် စစ်သေနာပတိက သေမည်မဟုတ်တော့ပေ ။ ထို့အတွက် ဇာတ်ကြောင်းကမူလထက်ပိုပြီးရှုပ်ထွေးသွားနိုင်ချေရှိသည် ။

ဇာတ်လိုက်ကလဲ host ယုန်လေးတစ်ကောင်ဖြစ်နေတာကိုတောင် ဒီလောက်ပိုင်ဆိုင်လိုစိတ်များရင် လူတစ်ယောက်များဖြစ်လာခဲ့ရင်ရော....ဟူးး veve ဆက်မတွေးရဲတော့ဘူး ။

" ရှောင်ဖန် ငါ့ယုန်ကလေးကို ခနလောက်ကြည့်ပေးပါ ခမည်းတော်ငါ့ကိုခေါ်နေလို့ ''

" ခေါ်သွားပါလား ရန်ယွဲ့ရယ် ''

" မခေါ်ချင်လို့ပေါ့ ၊ ငါအကူအညီတောင်းနေတာကို ကူညီပါ ခနလေးပဲခေါ်ထားနော် ''

မြက်တောထဲ ဆော့ကစားနေတဲ့ယုန်ကလေးအား ကျိုးရှောင်ဖန်မရဲတရဲ ကြည့်မိသည်။ အရင်နေ့က ဒီယုန်ကလေးအား မတော်တဆပွေ့ဖက်မိလို့ ပြာကျမလိုနဂါးမျက်စောင်းတွေနဲ့အကြည့်ခံခဲ့ရပြီးပြီမလား ။ တကယ်ပါပဲ ယုန်လေးတစ်ကောင်အတွက်နဲ့ အိမ်ရှေ့စံက အဲ့လိုကြည့်ရလားနော်။

Pet System ( Arc - 1, ရှောင်းကျန့်) Where stories live. Discover now