1.9

2.3K 384 28
                                    

တစ်ဖြောင့်တည်းဖြစ်နေတဲ့နှုတ်ခမ်းပါး ၊ ခက်ထန်နေတဲ့မျက်နှာပြင် ရဲတောက်နေသောမျက်အိမ်နဲ့စူးရှတဲ့အကြည့်ပိုင်ရှင်ဟာ ရှောင်းကျန့်ဆီတစ်ဖြည်းဖြည်း လှမ်းလာသည် ။ အေးစက်စက် အရှိန်အဝါတွေကြောင့် ရှောင်းကျန့် ဒူးပင်မခိုင်ချင်တော့ပေ...

ဇာတ်လိုက်ကိုကြောက်စိတ်ဝင်မိရင်း ဖြူရော်နေတဲ့မျက်နှာပြင်ဟာ သွေးမရှိတဲ့လူတစ်ယောက်လို ၊ ဇာတ်လိုက်က သူ့ကို စိတ်ဆိုးပြီး ကင်များစားတော့မလားဆိုတဲ့အတွေးက စိတ်ခြောက်ခြားဖွယ်ကောင်းလွန်းနေသည် ။

" ရိ..ရိပေါ်ကော...''

တုန်ယင်နေတဲ့လေသံတွေက စကားလုံးတွေကိုတောင်မပီချင်တော့

ဘာလို့ဒီလိုပုံဖြစ်နေရတာလဲကွာ..။
ယုန်သဘာဝ လန့်ပြရုံကလွဲပြီးငါဘာအမှားများကြီးကြီးမာမားလုပ်မိလို့လဲ...(ಥ﹏ಥ)

" အခုဘယ်ကောင်နဲ့အတူရှိနေတာလဲ...!! "

အနားတိုးကပ်ရင်း ဒေါသတကြီးဒေါ်ဟစ်လာတဲ့ ရိပေါ်ကြောင့် ရှောင်းကျန့်ကိုယ်လေး သိမ့်ခနဲတုန်ယင်သွားသည် ။ ကြောက်လန့်စိတ်ကြောင့် မျက်ဝန်းတွေက ဘာလို့ဒေါသထွက်နေမှန်းမသိတဲ့ဇာတ်လိုက်ကိုကြောင်ငေးနေမိကာကြည်လဲ့လဲ့ မျက်ရည်ရေ ဝေ့သီနေလေ၏ ။ တဖြည်းဖြည်းချင်းနီးကပ်လာတဲ့ဇာတ်လိုက်ကြောင့် ခြေလှမ်းတွေကနောက့်သို့ဆုတ်ခွာရင်း ဖြူဖျော့ဖျော့ကိုယ်လေးကနံရံနဲ့ကပ်မိလေတော့သည်။

ရဲရဲဝံ့ဝံ့ စိတ်ကိုတင်း၍ ဇာတ်လိုက်ကိုရင်ဆိုင်မယ်တွေးထားမိသော်လည်း တကယ်တမ်း မိမိဖြစ်နေမိတဲ့ပုံစံကိုစိတ်ပျက်မိရုံမှလွဲ၍မတတ်နိုင်တော်ချေ...။

Shittt..., ငါ ငါ ဒီလောက်ကြောက်နေဖို့မသင့်ဘူးလေ ...

" မဟုတ်..အာ့ - ''

လက်ကောက်ဝတ်ကိုတင်းကြပ်စွာ ဆွဲယူကာ ရိပေါ်ကရှောင်းကျန့်ကို သူနဲ့ပိုမိုနီးကပ်စေလိုက်သည် ။ ယခုချိန် သူဘာမှမမြင်တော့ပေ ။ ယုန်ငယ်လေးပြေးထွက်သွားလို့ သူကစိုးရိမ်တကြီး ကမ္ဘာပျက်ကမန်း ရှာဖွေနေချိန် ဒီယုန်လေးက တခြားတစ်ယောက်နဲ့အတူရှိနေသည်ဟူသော အသိက လောင်ကျွမ်းစမီးပုံကိုလောင်စာထည့်သလိုပိုမိုတောက်လောင်စေလိုက်သည်။

Pet System ( Arc - 1, ရှောင်းကျန့်) Where stories live. Discover now