အခန်း ၄၇

Start from the beginning
                                    

"အဲ့တာကတော်တော်ဆိုးတာပဲ"

"ဟုတ်တယ်!"

တူညီတဲ့ စစ်တပ်တစ်ခုတည်းမှာတောင်မှ သာမာန်စစ်သည်တွေနဲ့ ဧကရာဇ်ရဲ့ ကိုယ်ရံတော်တွေကြားမှာ မသိမသာ တင်းမာမှုတွေရှိကြသည် သူတို့အချင်းချင်းက လုပ်ဖော်ကိုင်ဖက်တွေဖြစ်တာကြောင့် လေးလေးစားစားဆက်ဆံကြပေမဲ့ စစ်သည်တွေကတော့ ကိုယ်ရံတော်တွေကို တိတ်တဆိတ်အားကျနေကြသည်

ဧကရာဇ်ရဲ့ကိုယ်ရံတော်တွေက ကောင်းမွန်တဲ့မိသားစုတွေက ဆင်းသက်လာကြတာဖြစ်ပြီးတော့ ကြည့်ကောင်းတဲ့လူငယ်တွေဖြစ်ကြသည်. သူတို့က ဧကရာဇ်ကို ကာကွယ်ရတာကြောင့် ဒီကိုယ်ရံတော်တွေက သူ့တို့နေရာအတွက် အရမ်းဂုဏ်ယူတန်ဖိုးထားကြပြီး တစ်ခါတစ်လေမှာ တခြားစစ်သည်တွေကို အထင်သေးတတ်ကြသည်

စစ်တိုက်နေချိန်အတွင်းတော့ ကိုယ်ရံတော်တွေနဲ့ စစ်သည်တွေကို တူညီစွာဆက်ဆံကြပြီး. စစ်အေးကာလတွေမှာတော့ ကိုယ်ရံတော်တွေက အဆင့်ပိုမြင့်ကြသည်

ပြီးတော့ သူတို့ရဲ့ အပြာရောင် ဝတ်စုံကလဲ အရမ်းကြည့်ကောင်းသည်

Sir Donau က ရေရွတ်လိုက်သည်

"ကျွန်တော်လဲ အဲ့ဝတ်စုံဝတ်ချင်တယ်"

သူက သိသိသာသာကို အားကျနေသည်. Sir Howe လဲ သူ့လိုပဲ ခံစားရပေမဲ့ ခေါင်းရမ်းကာပြောလိုက်သည်

"မေ့လိုက်စမ်းပါကွာ"

Poliana က သူတို့ကို မေးလိုက်သည်

"မင်းတို့ဘာဖြစ်လို့ ကိုယ်ရံတော်ဖြစ်အောင် မကြိုးစားကြတာလဲ?"

"ကျွန်တော်တို့က သာမာန်စစ်သည်မိသားစုကလာတာလေ"

အဲ့တာက မဖြစ်နိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး. ဒါပေမဲ့ သူတို့ကို လက်ခံမဲ့ပုံစံမျိုးလဲမဟုတ်ပေ. Poliana က အနည်းငယ်စိတ်လှုပ်ရှားလာသည် ဒီနေရာက သူမကို ယာယီပဲပေးထားတာဖြစ်ပေမဲ့ အရမ်းကောင်းတဲ့အချက်ဖြစ်နေတာတော့ အသိသာကြီးဖြစ်သည်. Lucius က သူမကို ဒီလိုဂုဏ်ယူစရာကောင်းတဲ့နေရာကို ပေးထားတာကြောင့် သူမ သိတာက သူမဧကရာဇ်ကို စိတ်ပျက်အောင် မလုပ်မိစေဖို့ပဲဖြစ်သည်

Emperor and the Knightness (Zawgyi) Book - 1Where stories live. Discover now