ဇာမဏီဟိဏ်းမှ ရုတ်တရက်ကြီး ပြောလာတော့သည်။

"ချစ် ခဏက ညစာစားတုန်းက ကို့ကို တံဆိပ်နှိပ်ထားတာမလား"

"အင်းလေ ဟုတ်တယ်လေ"

"ဒါဆို ‌ဒီတစ်ခါ ကို့ အလှည့်ဘဲ" ဆိုပြီးတော့ သူ့အားကြီးနဲ့ ဇေယျာ့ ကိုယ်ပေါ်ကို အုပ်မိုးလာတော့သည်။

ပြီးတော့ ဇေယျာ လည်ပင်းနားကို ဦးတည်ပြီး နမ်းတာလည်း မဟုတ်။ အချိုရည်ကို ပိုက်နဲ့ သောက်သလို စုပ်ယူလေတော့၏။

"ကိုဟိဏ်း ဘာလုပ်တာလဲ.....ဘာလို့ ဇေယျာ့ လည်ပင်းကို ငါးတွေ စုပ်သလို စုပ်နေတာလဲ"

ဇေယျာ မေးလိုက်တော့ ဇာမဏီဟိဏ်း ခေါင်းထောင်လာသည်။ ပြီးတော့ ဇေယျာ့ကို လူယုတ်မာ အကြည့်ဖြင့် ကြည့်ပြီးတော့ ပြန်ဖြေလေသည်။

"တံဆိပ်နှိပ်တာလေ"

"ဟင် ဘယ်လိုမျိုးကြီးလဲ တံဆိပ်နှိပ်တာက"

"ဒါက ကို့ရဲ့ တံဆိပ်နှိပ်နည်းလေ.....ဟဲ......ဟဲ"

"ဟာ ယားကျိကျိကြီးနဲ့"

"ခဏဘဲ.....ခဏလေးဆို ပြီးတော့မှာနော်....နော် ချစ်"

ဇေယျာ တစ်ယောက် ညက ဖြစ်ခဲ့တာကို ပြန်တွေးပြီး မျက်နှာက နီမြန်းလာတော့သည်။ ပြီးတော့ မှန်ရှေ့ ရပ်နေရာကနေ ခုတင်နား သွားလိုက်လေသည်။ ခုတင်အောက်က ကြမ်းပြင်မှာခင်းထဲတဲ့ ကော်ဇောပေါ် ထိုင်လိုက်ပြီး လက်လေးထောင်ကာ ဇာမဏီဟိဏ်းကို တစ်စိမ့်စိမ့် ကြည့်နေတော့သည်။ ဇေယျာ တစ်ယောက် ဇာမဏီဟိဏ်းကို စိုက်ကြည့်နေရင်းမှ တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"ကိုဟိဏ်း ရုတ်တရက်ကြီး ပျောက်သွားတုန်းက ဇေယျာ
ကိုဟိဏ်းကို အရမ်းချစ်တယ်ဆိုတာ သိလိုက်ရတယ်.....
ကိုဟိဏ်းဘဲ ပြောဖူးတယ်လေ အင်္ဂါတွေက အချစ်ကြီးတယ်လို့လေ.....ဇေယျာလည်း အစတုန်းက မယုံခဲ့ဘူး။ နောက်တော့မှ အချစ်ကြီးမှန်း သိလိုက်ရတာ"

ဇေယျာ ပြောရင်း လက်ကလေးဖြင့် ဇာမဏီဟိဏ်းရဲ့ ပါးပြင်ပေါ် ကျနေတဲ့ ဆံပင်လေးကို ဖွဖွလေး သပ်ပေးနေတော့၏။

"ကိုဟိဏ်းက ‌မ္ဘောဒီးယားစပ်လို့လား မသိ.....ကိုဟိဏ်း အိပ်နေတာတောင် အရမ်းကြည့်ကောင်းတာဘဲ သိလား....
ကိုဟိဏ်းကို ဇေယျာ လက်မလွှတ်ခံတော့ဘူး...ဘာကြောင့်ဆို ကိုဟိဏ်း ပြောသလိုဘဲ ဇေယျာတို့ အချစ်စစ်ဖြစ်ခဲ့ကြတယ်နဲ့တယ်....ဒီအတိုင်းလေး ဇေယျာ့ဘေးနား ရှိနေပေးနော်....ခုတော့ ဒီအနီကွက်လေးကို ဘယ်လိုလုပ်ရမလဲ စဉ်းစားလိုက်အုန်းမယ်" ဆိုကာ ဇေယျာ တစ်ယောက် ပြုံးရင်း ရေချိုးခန်းထဲ ၀င်သွားချေသည်။

အချစ်စစ်ဖြစ်ခဲ့ပါလျှင် [If It was True Love]{Complete}Where stories live. Discover now