အခန်း ၄၁

Start bij het begin
                                    

Lucius က မေးလိုက်တယ်

"သူ့ရဲ့စားနပ်ရိက္ခာသိုလှောင်ထားတာက ဘယ်လောက်ထိခံနိုင်မယ်ထင်လဲ?"

"ကျွန်တော်တို့မသေချာပေမဲ့ အကြမ်းဖျင်းအရ အနည်းဆုံး ၅ နှစ်စာလောက်ရှိမယ်လို့ ထင်ရပါတယ်"

"အဲ့တာဆို မကောင်းတော့ဘူး"

အထက်တန်းလွှာက မိသားစုအနည်းငယ်, အဆင့်မြင့်အရာရှိ စစ်သည်တစ်ချို့နဲ့ တော်ဝင်မိသားစုတွေလောက်သာ ရဲတိုက်ထဲမှာ ပုန်းနေကြခြင်းဖြစ်တာကြောင့်

သူတို့ လိုအပ်တာထက် ပိုစားသုံးရင်တောင်မှ ရိက္ခာတွေက နှစ်တွေအများကြီး အထားခံနိုင်သည်

ဒီလိုအပြင်ကနေဝိုင်းထားတဲ့အဖြစ်မျိုးတွေမှာ အစာရေဆာပြတ်လတ်တာတွေက ရဲတိုက်အတွင်းမှာသာ အဖြစ်များသည်. သူတို့ကြာကြစောင့်လေ, လူတွေများများသေလေဖြစ်သည်ရိက္ခာပြတ်လတ်ကာ လူသားစားကြတဲ့အဖြစ်မျိုးတွေတောင် ရှိခဲ့ဖူးသည်


Yapa ရဲတိုက်ကတော့ အနည်းဆုံး ၁၀ နှစ်လောက် တောင့်ခံနိုင်လောက်တယ်လို့ Lucius က ယုံကြည်ထားသည်. Acreian စစ်တပ်အနေနဲ့ သူတို့ကို တိုက်ရိုက်တိုက်ခိုက်ဖို့မဖြစ်နိုင်ဘူးဆိုတာကို Gali က သိနေခဲ့သည်

ဒါကြောင့်ပဲ သူက ရဲတိုက်ထဲမှာ တတ်နိုင်သလောက် မြန်မြန်ပုန်းလိုက်တာဖြစ်သည်. သူ့သစ္စာခံတွေနဲ့ အလိုတော်ရိတွေလောက်သာ သူ့နောက်ကို ပျော်ပျော်ကြီးလိုက်သွားကြတာဖြစ်သည်

သိပ်မကြာခင်မှာပဲ ရဲတိုက်နေ စာပို့ခိုတွေလွှတ်လိုက်တာကို Lucius သတိထားမိလိုက်သည်. ပထမတော့ အဲ့တာတွေကို ပစ်ချမို့ စဉ်းစားလိုက်ပေမဲ့ သူလွှတ်ပေးလိုက်သည်.

ငှက်တွေက Oz နဲ့ Mongshiem နေရာ ၂ ခုကို ဦးတည်ပျံသွားတာကို သူမြင်လိုက်သည် Gali က အိမ်နီးချင်းနိုင်ငံတွေဆီကနေ အကူအညီတောင်းနေမှန်း သိသာနေသည်

Lucius က သူ့စစ်သည်တွေကို မေးလိုက်သည်

"Oz နဲ့ Mongsheim ဘက်က ဘာလှုပ်ရှားမှုတွေရှိလဲ?"

"စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေတော့ မရှိပါဘူး အရှင်. ဒါပေမဲ့ Kopi စစ်တပ်ကတော့ လှုပ်ရှားမှုအနည်းငယ်ရှိတယ်လို့ အခုလေးတင် သတင်းရလိုက်ပါတယ်"

Emperor and the Knightness (Zawgyi) Book - 1Waar verhalen tot leven komen. Ontdek het nu