ထွက်ခွာသွားသည့်Taehyungကိုလှမ်းကြည့်ရင်း Jiminသက်ပြင်းတစ်ခုချမိသည်။ သူ့နောက်ကလူယုံကောင်လေးကတော့ တစ်ခုခုညွှန်ကြားမည့်သူ့ဆီမှအဖြေကိုစောင့်နေဟန်။

"ခေါင်းဆောင်ရော အိမ်ပြန်သွားပြီလား?"

"မရောက်သေးပါဘူး ပြိုင်ကားမောင်းပွဲသွားပါတယ်။ "

"ဟူး... ခေါင်းဆောင်က Kim Taehyungမှမဟုတ်ရင် စာသင်မှာမဟုတ်ဘူး သိတယ်မလား? Kim Taehyungရဲ့အချိန်ပိုင်းအလုပ်တွေအကုန်ဖြုတ်လိုက် ပြီးရင်သူ့မှာအစ်မရှိတယ်မလား?"

"Nae... ကျန်းမာရေးမကောင်းတဲ့အမတစ်ယောက်ရှိပါတယ်။ငယ်ငယ်တည်းကကားအက်ဆီးဒင့်နဲ့  littlespaceဖြစ်နေတာပါ Taehyungကသူ့အစ်မကိုစောင့်ရှောက်ရင်းမောင်နှမနှစ်ယောက်တည်းနေတာပါ"

"အင်းဟုတ်ပြီ။ အဲ့တာဆိုသူ့အစ်မကိုစံအိမ်ကိုခေါ်ခဲ့လိုက်။  လူဘာမှမဖြစ်စေနဲ့ Kim Taehyungစံအိမ်ကိုရောက်လာဖို့အရေးကြီးတယ်"

"Nae နားလည်ပါပြီGuardian"

ထို့နောက်ကားပေါ်သို့ပြန်တက်သွားကာ ကျောင်းရှေ့မှပြန်ထွက်လာခဲ့ကြသည်။

လက်ကောက်ဝတ်သွေးကြောခုံပေါ်က နေမင်းပုံစံတက်တူးထိုးထားသည့်Jimin။ တစ်မျိုးထပ်ခေါ်ရပါလျှင် ပုလဲနက်ဂိုဏ်းရဲ့Guardian။

ပုလဲနက်ဂိုဏ်ခေါင်းဆောင်Jungkookအဖေသေဆုံးသွားခဲ့ပြီးကတည်းက ဂိုဏ်းခေါင်ဆောင်နေရာလစ်လပ်နေခဲ့သည်။ ဂိုဏ်းရဲ့ဆက်ခံသူကားJungkookပင်။ Jungkookကမနှစ်ကပဲအသက်ခဲ့ပြည့်ခဲ့သည်ကြောင်​့ ဂိုဏ်းခေါင်းဆောင်အနေနှင့်ဆက်ခံခဲ့ပြီးဖြစ်သည်။

သို့သော်ကျောင်းမပြီးသေးသည်ကြောင့် ဂိုဏ်းမှာအချိန်ပြည့်တာဝန်မယူနိုင်သေး။ စာလဲသေချာမလုပ်။ ပြိုင်ဖက်ဂိုဏ်းကရွယ်တူကလေးတွေနှင့် ကားပြိုင်မောင်း ရန်ဖြစ် အချုပ်ကျလိုက်ဖြင့်အထက်တန်းကျောင်းသားဘဝကိုပျော်ပျော်ကြီးကျော်ဖြတ်သန်းနေသည့် သူတို့ရဲ့အင်အားကြီးလှပါပြီရဲ့ဟုဆိုသောပုလဲနက်ရဲ့ဂိုဏ်းခေါင်းဆောင်ပင်။

Jiminကအရင်ဂိုဏ်းခေါင်းဆောင် တစ်နည်းအားဖြင့်Jungkookအဖေရဲ့မွေးစားသားလူယုံဖြစ်သည်။ ငယ်ငယ်ကတည်းကမိဘမဲ့ကျောင်းတွင်ကြီးပြင်းခဲ့ရပြီး အသက်ဆယ့်ငါးနှစ်အရွယ်တွင်ခေါင်းဆောင်ကျေးဇူးဖြင့်ပညာသင်ခွင့်ရကာ ကိုယ်ခံပညာအတိုက်အခိုက် လက်နက်မျိုးစုံကိုင်တွယ်နည်းတွေကိုပါ ခေါင်းဆောင်ထံမှအနီးကပ်သင်ကြားခွင့်ရခဲ့သူဖြစ်သည်။ ထို့နောက်ခေါင်းဆောင်ကိုယ်တိုင်အားကိုးရသော ဂိုဏ်းရဲ့လူယုံအထူးသဖြင့် ဂိုဏ်းရဲ့Guardianတစ်ယောက်ဖြစ်လာခဲ့ရသည်။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now