(( 15 ))

7.6K 779 83
                                    

Unicode

"ကျွန်တော်တို့ခရီးထွက်မလို့Hyung"

"Jeon"

မနက်စာထမင်းစားဝိုင်းမှာ Jeonကရုတ်တရက်ပြောလိုက်တာကြောင့်အကုန်လုံးကJeonကိုကြည့်လာကြသည်။

"နောက်တစ်ပတ်ထဲမှာTaeမွေးနေ့ရှိတယ်လေပြီးတော့ကျွန်တော့်ကြောင့် ကျွန်တော်တို့ဟန်းနီးမွန်းလဲမထွက်လိုက်ရသေးဘူးလေ ...အဲ့တာကြောင့်Taeကိုလိုက်ပို့ရင်းတစ်နေရာရာသွားမလားလို့ပါ"

"Jeon..."

သူတအံ့တဩလေးရေရွတ်မိတော့ သူ့အားပြုံးရုံသာပြုံးပြလာသည့်Jeon။ Jeonကသူ့အတွက်ဆိုအမြဲတွေးပေးပြီး သူပျော်ရွှင်ရအောင်စိတ်ချမ်းသာရအောင် သူလိုအပ်နေတာထက်ပိုသောမေတ္တာတွေအချစ်တွေပေးသည်။

"Hyung စားပြီပြီ ကုမ္ပဏီသွားရအုံးမှာမလို့ထနှင့်ပြီ"

Jeonပြောလိုက်တော့ Jin hyungကရုတ်တရက်ထထွက်သွားသည်။ မျက်နှာထားကလည်းအရင်နေ့တွေနှင့်မတူ တည်တင်းနေသလိုမျက်ဝန်းတွေကလဲညှို့နေသလိုပင်။ မနေ့ညကသူနှင့်ဖြစ်ထားတဲ့ကိစ္စကြောင့်များလားတွေးမိတော့ စိတ်မကောင်းတော့ဖြစ်မိသွားရပါသည်။

"အင်း သွားလေ... ဘယ်နေ့သွားမှာလဲJaeyunကိုပြောထားလိုက် လူထည့်ပေးလိုက်မယ်"

Jiminကလူတွေထည့်ပေးမယ်လို့ဆိုတော့ Taehyungမျက်နှာကစူပုပ်ပုပ်လေးဖြစ်သွားရပါသည်။ ဟန်းနီးမွန်းထွက်ပါတယ်ဆိုမှပဲလူတွေကထည့်အုံးမယ်...

"Nae...ကျွန်တော်ပြောထားလိုက်ပါ့မယ်"

"ပြီးတော့Seoyeongကို နယူးယော့ခ်ကပါရဂူတစ်ယောက်နဲ့ပြဖို့ဆက်သွယ်ထားတယ် မင်းတို့ခရီးကပြန်လာမှပဲအဲ့ကိစ္စအသေးစိတ်ပြောပြပေးမယ်"

သူပြောလိုက်တော့Taehyungမျက်နှာလေးကဝင်းခနဲ။

"ကျေးဇူးတင်ပါတယ်Jimin hyung.."

"မလိုပါဘူး ဒါနဲ့Min Yoongi sii..."

Jiminကပြောနေရင်းတစ်ဖက်ကMin Yoongiဆိုသည့်လူ့အားတစ်ခုခုပြောမလို့ထင်သည်။

"ပြော အသေးလေး"

ထိုလူ၏အခေါ်အဝေါ်ကြောင့်JungkookရောTaehyungရောထူးဆန်းစွာကြောင်သွားရသည်။ Jimin hyungကိုထိုလူကဘယ်လိုတောင်ခေါ်လိုက်တယ်။စံအိမ်တစ်ခုလုံးကကြောက်ရတဲ့ ဒီရေခဲရိုက်အကြောတင်းPark Jiminကိုလေ။

𝙃𝙚 𝘽𝙚𝙛𝙤𝙧𝙚 𝙈𝙚  {Completed}Where stories live. Discover now