"ညခုနှစ်နာရီခွဲလောက်အရောက်လာခဲ့ ဒီနေ ရာမှာပဲစောင့်နော်"

"ဟုတ်ကဲ့ပါ"

သူမမှာကားပိုင်ရှိတာကိုလူတွေမသိစေချင်တာကြောင့် သူမကားကိုCompanyနဲ့ခပ်လှမ်းလှမ်းမှာရပ်ခိုင်းခဲ့သည် ကိုမင်းဓနသွင် သူ့ကိုဝယ်ထားပေးတဲ့ကားကအရမ်းကောင်း လွန်းနေတာကြောင့် Companyရှေ့မှာသာသူ ဒီလိုကားမျိုးကြီးပေါ်ကဆင်းလာရင် အားလုံး ရဲ့ အာရုံစိုက်မှုကိုခံရလိမ့်မည် သူအဲ့လိုမျိုးလုံးဝမဖြစ်ချင်ဘူး ဒါပေမယ့်သူမသိလိုက်တာက တစ်စုံတစ်ယောက်ကိုသူ့ကို အပေါ်ဆုံးအထပ်ကနေ အစအဆုံးသေချာလိုက်ကြည့်နေခဲ့တာကိုပါပဲ

ဆူးမေCEO ရုံးခန်းရှေ့ရောက်တော့ မနေ့က သူ မတွေ့ခဲ့ရတဲ့ စားပွဲလေးတစ်လုံးကရောက် နေခဲ့ပြီ အဲ့စားပွဲကတကယ်တော့တော်တော် လေးကြီးပါတယ် သူမရဲ့စားပွဲက ရုံးခန်းတံခါးနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး စားပွဲရဲ့ထောင့်မှာတော့ကြိုးဖုန်းနှစ်လုံးရှိသည် တခြားတစ်ဖက် မှာတော့ စာရွက်စာတမ်းအချို့နှင့်Fileတွဲအချို့ကိုစီစီရီရီထပ်ထား သည် သူမဘယ်ဟာကဘာမှန်းမသိသေးလို့ ဟိုကိုင်ဒီကိုင်လုပ်နေတဲ့အချိန်မှာ စားပွဲထောင့်ကဖုန်းကနေအသံထွက်လာတာကြောင့် ဆူးမေလက်ထဲကစာရွက်တွေကိုပစ်ချမိသွားသည်

"ရောက်နေရင်အထဲဝင်ခဲ့လေ"

အခုတော့ဖုန်းနှစ်လုံးရှိနေတာကိုသူမနား လည်သွားပါပြီ တစ်လုံးကအထဲကအမိန့်ဆန် တဲ့သူဌေးအတွက်ဖြစ်ပေသည် ကျန်တစ်လုံး ကတော့အပြင်ကခေါ်တဲ့ဖုန်းတွေအတွက်ဖြစ်လိမ့်မည် ဒါနဲ့ငါရောက်နေတာကိုသူဘယ်လို သိလဲ??

ဆူးမေရုံးခန်းထဲကိုခပ်သွက်သွက်ဝင်သွားလိုက်တော့ အခန်းထဲမှာCEOနဲ့အတူအမျိုးသ မီးတစ်ယောက်ပါအတူရှိနေသည် သူမကိုတွေ့ တော့ပြုံးပြသည်မို့ သူမလဲပြန်ပြုံးပြလိုက်သည်

"သူကမင်းကိုဘာတွေလုပ်ရမလဲသင်ပေးလိမ့်မယ် နောက်ပိုင်းမသိတာတွေရှိရင်လဲသူ့ကိုသွားမေး Management ဌာနမှာအမြဲရှိတယ်"

"ဟုတ်ကဲ့"

"သွားလို့ရပြီ"

ခပ်ပြတ်ပြတ်လေသံရဲ့အဆုံးမှာသူရောဟိုအမျိုးသမီးရော နှစ်ယောက်စလုံးအခန်းထဲကထွက်လာခဲ့သည် ပြီးတော့ထိုအမျိုးသမီးကသူ့ကိုစိတ်ရှည်လက်ရှည်နဲ့သေသေချာချာ သင်ကြားပေးသည် အားလုံးသင်ပြီးသွားတဲ့အခါမှာတော့သူ့ရဲ့လစာအပေါ်ကိုသူသံသယ ဖြစ်လာသည် သူလုပ်ရမယ့်အလုပ်ကCEOရဲ့ Schedule တွေကိုမှတ်ထားပေးရမယ် ဖုန်းတွေအားလုံးကိုလက်ခံပြောရမယ် လွှဲပေးရ မယ့်ဖုန်းဆိုလွှဲပေးရမယ် CEOအစည်းဝေးတက်တဲ့အခါသူပါလိုက်တက်ရမယ် တချို့အလုပ်နေရာတွေဆိုသူလဲအတူလိုက်ရမယ် CEOကတချို့ကိစ္စလေးတွေခိုင်းလာရင်လဲသူ ကလုပ်ပေးရမယ် အဲ့ကိစ္စတွေအားလုံးဟာသူ့ အတွက်တော့ချွေးတောင်မထွက်စေတဲ့အ လုပ်မို့ ဆယ်သိန်းဆိုတဲ့ငွေပမာဏကများနေမလား

I'm your Master(You're Mine)حيث تعيش القصص. اكتشف الآن