"ပိုးပန်းတာမဟုတ်ပါဘူး စန်းအာရယ် သူက အစ်ကို့ကို ဒီအတိုင်း လက်ဆောင်ပေးတာလည်း နေမှာပေါ့"မျက်ခုံးလေးဟာ အလိုမကျစွာ အလယ်ကိုအနည်းငယ်ကြုတ်သွားကာ ပြောလိုက်တော့ ရှောင်လျန့်စန်းဟာ သက်ပြင်းချကာ ထပ်တိုက်တွန်းလိုက်သည်၊

"ဒါပေမယ့် မင်းသားငါးကို အသိပေးသင့်တယ်လို့ ထင်တယ်... မဟုတ်ရင် လူပြောစရာ ကိစ္စဖြစ်လာအုံးမယ် ကော"

ဝမ်ဖေးရန်ဟာ စဉ်းစားဟန်လေးနဲ့ ရှောင်လျန့်စန်းပြောတာ လက်တွေ့ကျသလိုဖြစ်တာကြောင့် လက်ခံလိုက်တော့သည်၊

"ဟုတ်ပြီလေ အစ်ကို့တို့ ကြိုပြောထားတော့ ကောင်းတာပေါ့..." ဝမ်ဖေးရန်လက်ခံလိုက်သဖြင့် ရှောင်လျန့်စန်းဟာ ပျော်ရွှင်သွားပြီး ခုံကနေထကာ သူ့အစ်ကိုကို သွားရန်ပြောလိုက်သည်၊

"သွားမယ်လေ ကော " သူအစ်ကိုကိုတော့ ဆွဲထုတ်နိုင်လာပြီ၊ ဟိုခွေးဇာတ်ခင်းနေတဲ့ နှစ်ယောက်အကြောင်းကို သူ့အစ်ကိုသိအောင် လုပ်ရမယ်

"ဟမ်...ခု ချက်ချင်းလား" ဝမ်ဖေးရန်ဟည ခုံမှ ထသွားကော သူ့ညီငယ်ကိုကြည့်ရင်း ယောင်တောင်တောင်လေးထရပ်ကာ မေးလိုက်တော့သည်၊

"ဟုတ်တယ်လေ အချို့ကိစ္စတွေ နှောင့်နှေးသွားတာနဲ့ နောင်တရစရာတွေ ဖြစ်ကုန်လိမ့်မယ် " လို့ ပြောရင်း ဦးဆောင်ထွက်သွားသော ရှောင်လျန့်စန်းရဲ့ ကျောပြင်ငယ်လေးကို ကြည့်ရင်း ဂုဏ်ယူစွာပြုံးလိုက်သည်၊

'ငါ့ညီက သိပ်ကို တန်ဖိုးရှိတဲ့ကလေးလေးတစ်ယောက်ပဲ'

[System: နင် လက်ငှါးစရာမလိုအောင် လုပ်သွားနိုင်တာကိုး...အယ်လ်ဖာတွေများ အသက်ကငယ်သေးမဲ့ နင့်ဦးနှောဏ်ထက်တောင် ကြီးသေးတယ်]

'ငါက အေးဆေးလုပ်တဲ့လူမျိုးမို့လို့ပါကွာ'

ရှောင်လျန့်စန်းဟာ ရှေ့ကနေ သွားရင်း လမ်းမှာ ရီယွမ်ရှန့်နဲ့ ရှောင်အိမ်တော်က လူငယ်လေးတချို့ကိုပါ တွေ့လိုက်ရသည်၊ ရှောင်လျန့်စန်းရဲ့ မျက်နှာဟာတောက်ပသွားပြီး သူဟာ ရီယွမ်ရှန့်ကို ခေါ်လိုက်သည်၊

"အစ်ကိုယွမ်ရှန့်!" 'ကျွန်တော့်ရဲ့ယောက်ဖကြီး'လို့ စိတ်ထဲကနေပဲ ခေါ်လိုက်ပြီး အနီးကိုသွားကာ မေးလိုက်သည်၊

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now