Ohh...oh my lord..."15"

Start from the beginning
                                    

"ဒါဆိုရင် ဒယ်ဒီ ရဲ့ client ကို အချိန်ရွေ့ကြည့်လိုက်မယ်....လက်နက်ကြီးတွေအတွက်အဆင့်သင့်မဖြစ်ရင်တောင်ပုံမှန် ပစ္စည်းတွေကိုတော့...."

"ကျွန်တော် သူနဲ့ ထိပ်တိုက်တွေ့ချင်တယ်...ဒယ်ဒီ စီစဥ်ပေးလို့ရမလား...."

"Ok...ဒယ်ဒီ ချိန်းပေးမယ်...."

"ကျေးဇူးပဲ...ကျွန်တော် ဒီနေ့ အပြင်မသွားတော့ဘူး...ဒယ်ဒီခိုင်းစရာမရှိတော့ရင် Blue Roomထဲဝင်တော့မယ်...."

ဒယ်ဒီကိုနှုတ်ဆက်ပြီး ငြမ်းသူရဲ့အခန်းသို့တက်လာလိုက်သည်။

ဒီနေ့ ကစပြီး အကို့ဆီသူမသွားသေးဘူး....၊

ကျွန်တော် မြေစမ်းခရမ်းပျ်ိုးထားတယ်အကို...
ကြိုးစားသလောက်တော့ဖြစ်ထွန်းလာမယ်ထင်ပါရဲ့......၊

______________________________

Moonရဲ့အနီးနားသို့ မသွားပဲအဝေးကနေပဲ
စောင့်ကြည့်နေမိသည်။

ယုံကြည်ဖို့ထိုက်တန်ရဲ့လားလို့ moonမေးသွားတဲ့
မေးခွန်းကို သူအခါ တစ်ရာဖြေကြည့်တယ်...။

ကိုယ်တစ်ခါမှမင်းကိုမမြင်ရတဲ့နေရာကိုမသွားဖူးတာမို့ ဝေးကွာတယ်လို့ ကိုယ်မခံဖူးဘူးMoon....

" သူအခုတလော ဘယ်သူနဲ့မှတွေ့တာ မရှိဘူးဆရာ... သူရဲ့မိုးကုတ်ကလုပ်ငန်းတွေလည်း
အခွန်ကိစ္စနဲ့ငြှိနေတယ်လို့ကြားထားတယ်...."

"ဘယ်လိုဖြစ်တာလဲ...."

"ကျွန်တော်စုံစမ်း ရတာတော့ အတိုင်ခံထားရတာ လို့ကြားတယ် ဆရာ..."

Moonလ်ိုလူမျိုးကို တော်ရုံအနေအထား တော်ရုံစာရွက်စာတမ်းနဲ့တော​့ ရပ်တန့်နိုင်အောင်မလုပ်နိုင်ဘူးဆိုတာ သိသည်။

အထက်အရာရှိတွေ လှုပ်မရအောင်ထိ
ဖိအားပေးမှုကြောင့်သာ ဖြစ်မှာကို ေစရာသော်တွက်စလိုက်မိသည်။

"Moonရဲ့ ပြိုင်ဘက် လုပ်ငန်းတစ်ချို့ကိုငါသိချင်တယ်... အတိအကျစုံစမ်းထားပေး..."

သွန်းစေရာသော်ရဲ့ စေခိုင်းမှုကိုချက်ချင်းပင်
ဆောင်ရွက်ဖို့ မြတ်သူကစီစဥ်လိုက်သည်။

ညနေစောင်းတိုင်း လာကြည့်တတ်တဲ့ ဆရာသည်
လမင်းခကြွေရဲ့ အနားကို တော့မသွားပဲ
အဝေးကနေသာပြည့်နေတတ်သည်။
တစ်ခါတစ်လေ အခြားကောင်လေးတစ်ယောက်ယောက်ပါလာတဲ့အခါ စူးရဲစံာကြည့်နေတတ်တဲ့ ဆရာရဲ့မျက်ဝန်းတွေဟာတကယ်ကိုကြောက်မက်ဖွယ်ရာကောင်းလွန်းသည်။

Ohh  Oh my LordWhere stories live. Discover now