ဒယ်ဒီရဲ့စကားမဆုံးခင် ဖြတ်ပြောလိုက်တဲ့ ငြမ်း...

သွန်းစေရာသော်ဟာ အားလုံး ထင်သလိုလို အေးစက်စက်ပုံစံမဟုတ်ဘူးဆိုတာ သူ့ရဲ့လှုပ်ရှားမှုတွေအရ ခြေရာခံမိပြီးသား....၊

"ဒါဆိုရင် မင်းရဲ့နည်းပညာကို ပိုမိုတင်းကျပ်ပေါ့ သားရ... မင်းလုပ်နိုင်ရဲ့သားနဲ့စျေးမကိုင်နေစမ်းနဲ့...."

"ဒယ်ဒီကတော့ ကျွန်တော်ကို လာကျပ်နေပြန်ပြီ... ဦးသွန်းစေရာသော် လက်ထဲကို ရွေးကောက်ပွဲမပြီးမချင်း ဒီလက်နက်တွေထည့်ပေးနိုင်မှာမဟုတ်ဘူးနော်....သူ့လက်ထဲ ဒီလက်နက်တွေရောက်နေတာ သိရင် ပထမဦးဆုံးထိခိုက်မှာ ကျွန်တော်သဘောကျနေတဲ့သူဖြစ်နေမယ်ဆိုတာသိရက်နဲ့ လုပ်ပေးစရာလား...."

လမင်းခကြွေ.....အဲ့ကောင်လေးနားအခုတလောသားကပ်ကပ်နေတတ်တာကိုမြင်ပေ့မယ့်ပုံမှန်လိုပဲ စိတ်ထဲ မထည့်ခဲ့တာ...
ဒီကောင်လေးကိုမှ ငြမ်းအတည်ပုံစံလိုပင်....။

ငြမ်းကတော့ သူရဲ့သား ပီသစွာပင်သူရဲ့အတွေးတွေကိုဖတ်သွားချေပြီ....။

"ငြမ်းရဲ့ ကောင်လေးကို ထိမယ်ဆိုရင်တိုက်ပွဲဖစ်သွားမယ်နော် ဒယ်ဒီ.... လမင်းခကြွေ ဆိုတာဒယ်ဒီထိခိုက် ရအောင်လုပ်ရမယ့် သူမဟုတ်ဘူး...သူထိခိုက်မှုမရှိအောင်ကာကွယ်ရမယ့်ဒယ်ဒီရဲ့သမက်ဖြစ်လာမယ့်သူ...."

ဖအေ ပြောတဲ့ပုံစံကို မျက်ထောင့်နဲ့ သတိပေးနေသလိုပြောနေတဲ့ ငြမ်းကြောင့်
ဦးထွန်းဇေယျာအောင် ထရယ်မိသည်။

"အခြေအနေကောင်းတယ်ပေါ့...."

ပြုံးကာ မေးလိုက်တဲ့ ဒယ်ဒီ ရဲ့အမေးကို
ငြမ်း ကတော့သူရဲ့လက်က်ိုမြှောက်ပြရင်း
အဖြေပြန်ပေးလိုက်သည်။
လက်ဖျံတွင် တိကျပြတ်သား စွာ မြင်နေရတဲsweet Memoryဟုထွင်းထားသောDate၃ခု...

ရလာဒ်ပဲပြောပြမယ်...ခံခဲ့ရတာကိုတော့ဖုံးကွယ်ထားတာပေါ့...သမက်နဲ့ယောက္ခထီးဆိုတာတစ်ချိန်ကြရင်အမျိုးတော်ရမှာပဲလေ....အဲ့အချိန်ကြရင်အဖုအထစ်သေးသေးလေးတောင်မရှိစေချငိဘူး....

အကိုရေ... ခင်ဗျားကသာ ကျွန်တော်ကိုရက်စက်နေတာမှ ကျွန်တော်မှာတော့ယုံယုံကြည်ကြည်နဲ့ခင်ဗျားများ ဝင်လာခဲ့ရင်ဆိုပြီး ဆူးတွေတောင်ဖယ်ထွင်းထားနေပြီ.....

Ohh  Oh my LordМесто, где живут истории. Откройте их для себя