"ငါဘာမှမဖြစ်ဘူး ဟိုကားထဲကသူတွေရောအဆင်ပြေရဲ့လားမသိဘူး"

"မမလေး ဟိုမှာကားပေါ်ကလူတစ်ယောက်ဆင်းလာပြီ"

ကားချင်းကမျက်နှာချင်းဆိုင်တိုက်မိတာဖြစ် ပေမယ့် အရှိန်သိပ်မပါလို့ ဘာမှတော့သိပ်မထိခိုက် ဟိုဘက်ကားကလူနဲ့Sofyတို့ကားအပြင်ဘက်မှာစကားပြောနေတဲ့ပုံကို ဆူးမေ ကားနောက်ခန်းထဲကနေကြည့်နေမိသည် ပြီး မှသတိရမိတာကsofyကမြန်မာစကားလေး လေးငါးခွန်းသာပြောတတ်သည်မို့ ဟိုဘက်ကလူတွေနဲ့အဆင်ပြေပါ့မလား ပြီးတော့Sofy ကလုံးဝနိုင်ငံခြားသူပုံစံမျိုးဆိုတော့လိမ်ချမှာ လဲစိုးသည်မို့ သူပါကားပေါ်ကဆင်းလိုက်ရသသည် စိတ်မချလို့သာသူကိုယ်တိုင်ဆင်းဖြေ ရှင်းရတာ သူကိုယ်တိုင်ကလဲ ဖြူစွတ်စွတ်နဲ့ တရုတ်မရုပ်

"ဟိုဟာလေ အကိုတို့ကားထဲကလူတွေထိခိုက်သွားတာများရှိသေးလား"

သူဆင်းသွားတော့Sofyကအားကိုးတကြီးနဲ့သူ့လက်ကိုလှမ်းကိုင်သည် တစ်ဖက်ကလူက တော့သူ့ကိုဘာမှပြန်မပြောပဲ ခေါင်းအစခြေအဆုံးသေချာကြည့်နေသည်

Companyကိုသွားဖို့နောက်ကျနေတယ်ဆိုတဲ့ နေ့မှပဲ တိုက်တိုက်ဆိုင်ဆိုင်ကားကလာတိုက် နေရတယ်လို့ ကားထဲကနေအပြင်ကိုအကဲ ခတ်ကြည့်တော့ သူ့ရဲ့လူယုံတော်နဲ့ နိုင်ငံခြား သူတစ်ယောက်ပြောဆိုနေတာတွေ့တော့သူ ပိုပြီးစိတ်လေသွားသည် နိုင်ငံခြားသူနဲ့သာဆိုရင် ဒီနေ့တော့ရှင်းလို့ပြီးမှာမဟုတ်ဘူး တိုင်ပတ်နေတော့မှာ စိတ်ရှုပ်တယ်ကွာ

"သခင်လေး ကျွန်တော်တို့သွားနှင့်ကြမလား"

ကားရှေ့ဘေးခုံမှာထိုင်နေတဲ့ သူ့လူယုံတော် မိုးစက်က သူစိတ်ရှုပ်နေတဲ့ပုံကိုအကဲခတ်မိလို့ ပြောလိုက်ခြင်းဖြစ်သည်

"ရတယ် ဟန်သွေးပြသနာဖြေရှင်းပြီးတဲ့အထိ စောင့်လိုက် Company ကနောက်ကျနေပြီပဲ မထူးတော့ဘူး"

စိတ်ရှုပ်ရှုပ်နဲ့သူဟန်သွေးရှိရာဆီကိုနောက်တစ်ကြိမ်လှမ်းကြည့်လိုက်တော့ မျက်စိတွေပင်ကြိမ်းသွားရသည် စောစောကနိုင်ငံခြားသူ ရဲ့ဘေးနားမှာလာရပ်နေတဲ့မိန်းကလေး အဖြူ ရောင်ဂါဝန်တိုလေးနှင့်သူမက...သူမက..ဆူဇီ မင်းဖြစ်နေတာပဲ ကားရှေ့ခုံမှာထိုင်နေတဲ့မိုးစက်ကလဲတအံ့တသြနဲ့သူ့ကိုလှည့်ကြည့်သည် သူတုံ့ဆိုင်းမနေတော့ပါ ကားပေါ်ကအမြန်ဆင်းပြီး သူမရှိရာဆီကိုလမ်းလျောက် သွားလိုက်တော့သူမဆီကထူးဆန်းတဲ့အမူအ ရာတချို့တွေ့လိုက်ရသည် သူ့ကိုတွေ့တော့သူမထွက်မပြေးဘူး လန့်သွားတဲ့ပုံလဲမဖြစ်ဘူး သူ့ကိုတစ်ခါမှမမြင်ဖူးသလိုမျိုးတစ်ချက် နှစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်

I'm your Master(You're Mine)Nơi câu chuyện tồn tại. Hãy khám phá bây giờ