အပိုင်း(၃၄)Unicode
4.3K 429 118
သူ့ကိုယ်နဲ့ လက်နှစ်ဖက်မှာပေကျံနေတဲ့ အစ်ကို့သွေးတွေက မနည်းမနော။အခုချိန်ထိစိတ်နဲ့ကိုယ် ကောင်းကောင်းမကပ်သေး လက်တွေတုန်နေတာလည်း ထိန်းမရ။အဖြစ်အပျက်တွေက အရမ်းကို မြန်ဆန်လွန်းလှသည်။နှလုံးခုန်နေသေးတယ်ဆိုတဲ့ မျှော်လင့်ချက်တစ်ခုနဲ့ ဆေးရုံကို အမြန်ပို့ကာ ချက်ချင်းပဲ ခွဲခန်းထဲခေါ်သွားခဲ့သည်။အခုအခြေအနေတိုင်းသာဆို အစ်ကို့ကိုဆုံးရှုံးလိုက်ရရင် သူလည်း ဒီနားတင်ရင်ကွဲနာကျသွားနိုင်လောက်သည်။
"ဘယ်လိုဖြစ်ကြတာလဲ"
ဆူဆူညံညံအသံတွေနဲ့အတူ အစ်ကို့သူငယ်ချင်းတွေ အနားကိုအပြေးအလွှားရောက်လာသည်။သူ့မြင်တာနဲ့တစ်ယောက်တစ်ပေါက်မေးလာကြတဲ့ စကားတွေက နားထဲအူထွက်နေသည်။
"ဖိုးချမ်း ဘယ်လိုဖြစ်တာလဲ သူ့အခြေအနေဘယ်လိုလဲ"
ဘာတစ်ခွန်းမှပြန်မပြောနိုင်ပဲ ကြောင်စီစီနဲ့ပဲ ပြန်ကြည့်မိနေသည်။ရင်ထဲမှာဆို့နေပြီး အသက်ရှူရတာတောင် ပင်ပန်းလာသည်။
"စိုးရိမ်ရတယ်ဆိုပေမယ့် ဆရာဝန်တွေအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်"
နှင်းပွင့်က သူ့အစားဝင်ဖြေပေးသည်။
"ဖိုးချမ်းရာ မင်းမို့လို့ သိင်္ဂါကိုလုပ်ရက်တယ် မင်းတို့ခိုးပြေးမယ်ဆိုလည်း အခုလိုထွက်မပြေးပဲ သိင်္ဂါကို အကုန်ဖွင့်ပြောခဲ့ပါလား"
ကိုပြည့်ဆီက ထွက်လာတဲ့စကားကြောင့် သူအလန့်တကြားကြည့်မိသည်။
"ကိုပြည့်ဘာတွေပြောနေတာလဲ"
"ညီမတို့ခိုးမပြေးပါဘူး ညီမကို သူကလိုက်ပို့တာပါ"
"ဘာ မင်းကိုယ်တိုင် သိင်္ဂါကို ပြောတာလေ ....ကျစ်...သူ့မှာ မင်းနဲ့ရတဲ့ ကိုယ်ဝန်ရှိနေလို့ပါဆို"
"ဗျာ ကျွန်တော်မပြောခဲ့ပါဘူး"
"ဟမ် သိင်္ဂါ မင်းနဲ့ဖုန်းပြောတယ်လေ မင်းတို့ခိုးပြေးတယ်ဆိုလို့ သိင်္ဂါအစိုးရိမ်လွန်ပြီးနောက်ကလိုက်လာတာ"
"မဟုတ်ဘူးနော် ကျွန်တော် အစ်ကိုနဲ့ဖုန်းမပြောခဲ့ဘူး ကျွန်တော့်ဖုန်း မနက်ကတည်းက ပျောက်နေတာ လမ်းမှာ ကျွန်တော်တို့ကားကို ကျော်တက်သွားတာတွေ့လို့ အစ်ကိုများလားဆိုပြီး သူ့ဖုန်းနဲ့ခေါ်တာပဲရှိတယ် အစ်ကိုနဲ့ကျွန်တော် ဖုန်းမပြောဘူး"