"ချမ်းမြေ့ရယ် နင်တာဝန်ယူလို့မဖြစ်ပါဘူး"
"ငါတာဝန်မယူရင် နင်ကလေးကိုဖျက်ချမှာမလား ငါခွင့်မပြုဘူးနော် ရန်နိုင်လည်းအဲ့လိုဖြစ်စေချင်မှာမဟုတ်ဘူး"
"တာဝန်ယူတယ်ဆိုတဲ့စကားက လွယ်လွယ်လေးမဟုတ်ဘူးနော်"
"ငါသိတယ်"
နှင်းပွင့်ကို စိတ်အေးအေးထားဖို့ ကိစ္စတွေအကုန်သူစီစဉ်မယ်ဆိုတဲ့အကြောင်းနားချပြီး အိမ်ပြန်လာတော့ အမေက သူ့ကိုထမင်းပွဲပြင်ပြီးစောင့်နေလေသည်။အမေ့ကိုတော့ ဖွင့်ပြောရမှာပေါ့ဆိုတဲ့အတွေးဝင်လာပေမယ့် တကယ်တမ်းသူဘယ်လိုစပြောရမလဲ မစဉ်းစားတတ်။
"သိင်္ဂါတောင် ခုနကပြန်ရောက်တာ နေမကောင်းလို့ထင်တယ်"
"ဟုတ်လား"
"အင်း ပြီးရင် သား သူ့ဆီ ထမင်းသွားပို့ပေးလိုက်ဦး"
"ဟုတ်"
အစ်ကိုနေမကောင်းဘူးဆိုတာနဲ့ပဲ နှင်းပွင့်ကိစ္စဖွင့်မပြောတော့ပဲ ထမင်းစားပြီးတာနဲ့ အမေပြင်ပေးထားတဲ့ ဗန်းကိုသယ်ကာ အစ်ကို့အိမ်ဘက်ထွက်လာလိုက်သည်။နေ့ခင်းဘက်တွေဆို တံခါးက lock ချလေ့မရှိတာကြောင့် တွန်းဖွင့်ပြီး ဝင်လာလိုက်တော့ အစ်ကိုကဆိုဖာပေါ်မှာ အိပ်ပျော်နေလေသည်။ဗန်းကိုဘေးက စားပွဲပေါ်ချကာ အစ်ကို့နဖူးကို အသာစမ်းကြည့်တော့ ကိုယ်က ခပ်နွေးနွေး။သူ့လက်အထိအတွေ့ကြောင့်ထင် အစ်ကိုက မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာသည်။
"မင်းရောက်နေတာပဲ"
"ဟုတ် အစ်ကိုဖျားနေတယ် ထမင်းစားလိုက်ဦးလေ ပြီးရင်ဆေးသောက်ဖို့ ကျွန်တော်ဆေးသွားယူပေးမယ်"
"ရတယ် ဆေးသောက်ပြီးပြီ အင်္ကျီလဲချင်လို့ သွားယူပေးပါလား"
"ဟုတ်"
အစ်ကို့အခန်းထဲဝင်ကာ ဗီရိုထဲက သက်တောင့်သက်သာဖြစ်မယ့် အင်္ကျီတစ်ထည်ယူပြီး ပြန်လာတော့ အစ်ကိုက အင်္ကျီတောင်ချွတ်ပြီးနေပြီ။ချွေးတွေစိုနေတဲ့ အင်္ကျီကို သူလှမ်းယူလိုက်တော့ မြင်လိုက်ရတာက အစ်ကို့ရင်ဘတ်က ကန့်လန့်ဖြတ်အမာရွတ်တစ်ခု။
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode