"ငါတို့ ဘာတက်ရင်ကောင်းမလဲ"
ကန်ဘောင်ရောက်ကတည်းက ဂိမ်းပဲသည်းကြီးမည်းကြီးထိုင်ဆော့နေကြကာ ပထမဆုံးစကားစလာတဲ့ စွမ်းလေးစကားကြောင့် အကုန်လုံး ဖုန်းဆီကနေ အကြည့်တွေခွါကုန်ကြတော့သည်။
"မင်း က ဘာတက်ချင်လို့လဲ"
ရဲသွေးက ကောင်းကောင်းမေးလိုက်ပေမယ့် မှူးဆက်က ဖုန်းကို ပြန်ကြည့်ရင်း
"အိမ်သာတက်ချင်ရင်တော့ ဆိုင်နောက်ထဲသွားလေ"
မှူးဆက်စကားအဆုံး စွမ်းလေးရဲ့ ဆဲသံတစ်ချို့ထွက်လာတော့ အကုန်ဝိုင်းရယ်ဖြစ်ကြရင်း
"ငါကတော့ စာသိပ်မလုပ်ရတဲ့မေဂျာပဲယူချင်တယ် "
"ငါလဲတူတူပဲ ကျောင်းပြီးရင် ငါတို့ အိမ်ကအလုပ်တွေပဲလုပ်ရမှာလေ ရထားတဲ့အမှတ်တွေတော့ နှမြောပေမယ့် ရိုးရိုးတက္ကသိုလ်ပဲတက်ချင်တယ်"
"သေချာတာကတော့ ငါဥပဒေမေဂျာယူရမယ်ဆိုတာပဲ"
ဘုန်းပြည့်ထပြောတော့ အကုန်လုံးခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြသည်။
"မင်းနဲ့လိုက်ပြီး lawကိုတော့မယူနိုင်ဘူး ငါတို့ တခြားမေဂျာစဉ်းစားလိုက်မယ်နော်"
"ဟုတ်တယ် စာတအားကျက်ရတယ်ကြားတယ် ငါတို့နဲ့မကိုက်ဘူး"
ဘုန်းပြည့်ရဲ့အဖေရောအမေရောက တရားသူကြီးမို့ ဘုန်းပြည့်လဲ သေချာပေါက်တရားသူကြီးပဲလုပ်ရမယ်ဆိုတာ သူတို့ကောင်းကောင်းသိသည်။
"အေးအေးဆေးဆေးပျော်ပျော်ပါးပါးပဲတက်လို့ရမယ့် မေဂျာရွေးကွာ"
အခုချိန်ထိ သူတို့ဘာမေဂျာရွေးရမလဲ သေသေချာချာစဉ်းစားလို့မရသေး။တစ်ယောက်တစ်ပေါက်ပြောနေကြတာကို ငြိမ်ပြီးနားထောင်နေတုန်း ဖုန်းဝင်လာတာမို့ ကြည့်လိုက်တော့ အဖေ့ဆီက
"ဟဲလို"
"သား အခုအပြင်မှာမလား"
"ဟုတ်"
"၅နာရီ ဖိုးချမ်းကျူရှင်ဆင်းမှာ သား အပြန်ဝင်ကြိုခဲ့အုံး"
လက်ကနာရီကို ကြည့်လိုက်တော့ ၅နာရီထိုးခါနီးနေပြီ။လေပူတစ်ချက်မှုတ်ထုတ်ရင်း
YOU ARE READING
Teen Fictionအချစ်.....အမုန်း အချစ်.....အမုန်း ZawGyi+Unicode