အဖွားဆုံးသွားတာမို့ အဖေရော အမေရော တောင်ငူအိမ်ကိုရောက်နေကြသည်။ငယ်ငယ်လေးကတည်းက အဖေနဲ့အမေထက်စာရင် အဖွားနဲ့ပဲနေရတာများတာမို့ သံယောဇဉ်က တော်ရုံမဟုတ်။သူမှားမှား မှန်မှန် အဖွားကအမြဲ သူ့ဘက်မှာနေပေးတာမို့ အဖွားကို သူအရမ်းချစ်သည်။ကိုယ်ချစ်တဲ့လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ အသိနဲ့ ခံစားချက်က အခုချိန်မှာ သူ့ကို သွေးပျက်စေသည်။ အဖွားဆုံးသွားပြီဆိုကတည်းက သူငယ်ချင်းတွေအကုန်လုံး သူ့နားကမခွာ။အစစအရာရာကူညီပေးပြီး သူ့နားမှာပဲ အချိန်ပြည့်ရှိနေပေးကြသည်။နာရေးကိစ္စတွေ အားလုံးပြီးသွားပြီဆိုမှ စွမ်းလေးတို့က
"မင်းနားလိုက်တော့လေ"
"အင်း .....မင်းတို့လည်း ပြန်တော့လေ ငါ အဆင်ပြေပါတယ်"
"သေချာလား"
"အင်း"
"မင်း ထပ်ငိုမနေနဲ့နော် "
စွမ်းလေးစကားကြောင့် စိတ်အခြေအနေမကောင်းတဲ့ကြားက ခပ်ယဲ့ယဲ့ပြုံးမိကာ
"ငါ ငိုချင်တာတောင် လွတ်လွတ်လပ်လပ်မငိုရပါလား"
သူပြောလိုက်တော့ သူ့လက်မောင်းကို လက်သီးနဲ့ ခပ်ဖွဖွထိုးပြီး
"မင်း ငိုတာအရမ်းများနေပြီမို့လို့ ပြောရတာ တစ်ခုခုဖြစ်သွားမှာစိုးလို့"
"အင်းပါ စိတ်ချလက်ချနဲ့သာပြန်"
"အင်း အဲ့ဒါဆို ငါတို့ပြန်ပြီနော်"
သူခေါင်းညိတ်ပြလိုက်တော့ ပြန်ဖို့ ပြင်ကာ အဖေနဲ့အမေ့ကို နှုတ်ဆက်ပြီး ပြန်သွားခဲ့ကြသည်။
"သား ဒီကိုခဏလာဦး"
အမေက ထမင်းစားခန်းထဲကလှမ်းခေါ်တာမို့လို့ ထသွားကာအမေ့ရှေ့ဝင်ထိုင်လိုက်တော့
"သား တိုင်းထဲလိုက်နေချင်လား ဒါမှမဟုတ် ဒီမှာပဲ နေချင်လား"
သေချာတာကတော့ သူတိုင်းထဲ လိုက်မနေနိုင်ပါ။
"သား ဒီမှာပဲနေချင်တယ် တစ်ယောက်ထဲလည်း အဆင်ပြေပါတယ်"
"တစ်ယောက်ထဲတော့ မင်းကို စိတ်မချဘူး ငါ သီဟကိုထားခဲ့မယ် စားဖို့သောက်ဖို့ကအစ သူအစစအရာရာလုပ်ပေးလိမ့်မယ်"
YOU ARE READING
Teen Fictionအခ်စ္.....အမုန္း အချစ်.....အမုန်း ZawGyi+Unicode