"ဟားဟား ပေါက်ကရတွေကွာ ဘယ်တရုတ်မလေးမှ ကိုကို့ရဲ့ဆူးမေကိုမယှဥ်နိုင်ပါဘူး"
"ပြီးရော ကဲ ဆူးမေ အဝတ်အစားတွေထည့်ဦးမယ်"
"နေပါဦး ကိုကိုဘာမှမစားရသေးဘူး Breakfastလုပ်ပေးပါလား"
"ဟာ ဆူးမေကလဲဘာမှမဝယ်ထားဘူး ခရီးထွက်တော့မှာမို့ ဘယ်လိုလုပ်မလဲ"
"အပြင်ထွက်စားမယ်လေ"
"အဝတ်စားတွေထည့်ရဦးမယ်လေ"
"စားပြီးလို့ပြန်လာရင်ကိုကိုပါဝိုင်းထည့်ပေး မယ် လာပါကွာ ဗိုက်ဆာနေပြီ မြန်မြန်သွားရ အောင်"
"ဟုတ်ပါပြီ ကုတ်ကလေးတော့ထပ်ဝတ်ပါရစေဦး အပြင်မှာအေးတယ်လေ"
သူနောက်ကိုလှည့်လိုက်တယ်ဆိုရင်ပဲ ခေါင်း ထဲမှာစူးခနဲဖြစ်ပြီး မျက်စိထဲမှာပေါ်လာတဲ့ ဘာမှန်းမသိတဲ့ပုံရိပ်တွေကရှုပ်ယှက်ခတ်နေ တာကြောင့် သူကြမ်းပြင်ပေါ်ကိုထိုင်ချလိုက် သည် ကိုကိုကသူ့ပုခုံးကိုအပြေးလေးလာကိုင် ပြီး
"ဆူးမေ ဘာဖြစ်တာလဲ ခေါင်းကိုက်ပြန်ပြီလား"
"ဟုတ်တယ် အရင်လိုပဲ ဘာမှန်းမသိတာတွေ ပဲထပ်ခါထပ်ခါမြင်ယောင်နေတယ်"
"အဲ့ဒါကြောင့် ကိုကိုပြောသားပဲ ဆရာဝန်ဆီကို မှန်မှန်သွားပါဆို ဆူးမေကစကားနားမထောင်ဘူးကွာ"
"တော်ပါပြီ ဆူးမေအဲ့ဆရာဝန်ဆီကိုသွားပြီးတိုင်း မှတ်ဉာဏ်တွေကပိုပိုဆိုးလာတယ် တစ် ခါတစ်လေဆို ကိုယ့်နာမည်ကိုတောင်မေ့လာ တယ် ဆူးမေမသွားချင်တော့ဘူး"
"ကဲပါ ဒါဆိုလဲ ဆူးမေခဏလှဲနေလိုက်လေ ကိုကိုမုန့်သွားဝယ်လာခဲ့မယ် အိမ်မှာပဲစားကြ တာပေါ့"
"အင်း ဆူးမေစောင့်နေမယ်"
အပြင်ကိုအပြေးလေးထွက်သွားတဲ့ ကိုကို့ကို သူငေးကြည့်ပြီးပြုံးလိုက်မိတယ် သူ့ကိုတကယ်ကိုဂရုစိုက်ရှာတဲ့သူပါ သူကားတိုက်မှု ဖြစ်ပြီးနိုးလာတဲ့အချိန်မှာပထမဆုံးမြင်ခဲ့ရတာကလဲ သူ့ကိုပါပဲ ကားတိုက်မှုမှာမိဘနှစ်ပါးလုံးကိုဆုံးရှုံးလိုက်ရတဲ့သူ့အတွက်တော့ အားကိုးမဲ့နေတဲ့တစ်ကောင်ကြွက်ဖြစ်ရမယ့်အစား ကိုကိုရဲ့အရိပ်အောက်မှာလုံးဝနွေးထွေးခဲ့ပါတယ် မင်းဓနသွင်ဆိုတဲ့သူ့ရဲ့နာမည် နဲ့လိုက်အောင် ပေါများလှတဲ့သူ့ရဲ့စည်းစိမ်ဓန တွေကိုလဲ ဆူးမေအတွက်သုံးခဲ့တာကပြန်ဆပ်လို့တောင်ကုန်ပါ့မလား မသိဘူး ကျောင်း စရိတ်ရော ဆေးကုသစရိတ်တွေရော အဝတ် စား အစားသောက်တွေကအစ အခုဆူးမေနေ တဲ့ဒီအိမ်ကြီးအထိ အားလုံးကိုကို့ငွေတွေချည်း ကိုကို့အတွက်သူပြန်ပေးနိုင်တာဆိုလို့ အချစ်တစ်ခုတည်းပဲရှိတယ် ဒါကြောင့်သူ့ကို သစ္စာဖောက်ဖို့ကိုသူတွေးတောင်မတွေးကြည့် ရဲဘူး ကိုကိုကလဲသူမအပေါ် သစ္စာတရားခိုင် မြဲလွန်းတာမို့..
![](https://img.wattpad.com/cover/215952846-288-k400799.jpg)
VOUS LISEZ
I'm your Master(You're Mine)
Roman d'amourအငြိုးကြီးပြီးလက်စားချေချင်တဲ့ကောင်လေးက မိန်းကလေးတစ်ယောက်နဲ့တွေ့ရတဲ့အခါ.......... ရက်စက်ကြမ်းကြုတ်တဲ့ကောင်လေးက အဖြူထည်ကောင်မလေးနဲ့တွေ့ဆုံမိတဲ့အခါ..........
Part 11
Depuis le début