"လင်အာ ပြောတာ ဟုတ်သားပဲ ခန်းမဆောင်သခင်က အဘိုးအိုတစ်ယောက်ပဲ နေလိမ့်မယ်... ဒါပေမယ့် ဝေ့ရန်က လက်ဆောင်ကို လက်ခံလိုက်ပြီဆိုတော့... ဟင်း မင်းသားချင်အိုရန်သာ သိရင်တော့"

ဝမ်ဖေးရန် ထိုဒရမ်မာခင်းနေသည့် အရူးတစ်သိုက်ကို ပြုံးပြုံးလေးနဲ့သာ နားထောင်နေသည်၊မသိရင် ငါဝမ်ဖေးရန်ကပဲ ဟိုခန်းမဆောင်ကလူကိုသွားမြူဆွယ်ထားသလိုလို ပြောချင်နေတဲ့ပုံတွေ မကြာခင် ရွယ်ဆွေ့ကိုတောင်းတော့မှာ မသိတာကျနေလို့ အဟက်၊

"အကိုအိုရန်သာ ငြူငြင်သွားရင် လက်ထပ်ပြီးနောက်ပိုင်း ညီငယ်ဝေ့ရန်ကို ဒီအချက်နဲ့အနိုင်ကျင့်နေအုံးမယ်...ဘယ်လိုလုပ်ကျမလဲ" ရှောင်ချင်းလင်ဟာ စိုးရိမ်ပူပန်နေတဲ့မျက်နှာဖြင့်ပြောနေပေမယ့် သူ့မျက်ဝန်းဟာရွယ်ဆွေ့ဓားဆီမှာသာ...။

" မမ အကြံပေးမယ်နော် လင်အာကိုပဲ ဖြစ်ဖြစ် တစ်ယောက်ယောက်ကိုအရင်အပ်ထားလိုက်ပါလား... ပြီးတော့ ဒီကိစ္စကို ဘယ်သူမှမသိအောင် နေရအောင်လေ"တစ်ကယ်ကို သဘောထားကြီးသည့်အစ်မတစ်ယောက် ပုံစံဖြင့် ရှောင်ဝေ့ရန်လက်ကိုဆုပ်ကိုင်ရင်းပြောလိုက်သည်၊တစ်ခြားလူတာဆို တစ်ကယ်ယုံကြည်ကာ တန်းပေးလိုက်မှာသေချာသည်၊

"အစ်မနှစ်ရယ် ချင်းလင် ဒီလိုဝန်လေးတဲ့တာဝန်ကိုမထမ်းဆောင်ရဲပါဘူး..." ရှောင်ချင်းလင်ဟာ  ရွယ်ဆွေ့ဓားကိုဆွဲလုလိုက်ချင်ပေမယ့် သည်းခံရင်းငြင်းပယ်လိုက်သည်၊

"လင်အာမှ မကူညီရင် ဘယ်သူကကူညီပေးနိုင်မှာလဲ..."

"ဒါဆိုလည်း...မတတ်နိုင်ဘူးလေ" သူတို့ဘာသာ ဆုံးဖြတ်ချက်ချနေသည့် အရူးနှစ်ယောက်ကို ဝမ်ဖေးရန် ပြုံးကာကြည့်နေလိုက်သည်။မသိရင် ငါဝမ်ဖေးရန်ကပဲ သူတို့ကို ခယပြီး အကူညီတောင်းနေသလိုမျိုး၊

"အစ်ကို မပေးလိုက်နဲ့" အသက် ဆယ်သုံးနှစ်အရွယ်ကောင်လေးရောက်လာကာ သူရှေ့မှာရပ်လိုက်ပြီး ပြောလိုက်သည်၊ရှောင်ဝေ့ရန်ဟာ သူ့ထက်ခေါင်းတစ်လုံးစာလောက် နိမ့်သည် ကောင်လေးကိုကြည့်လိုက်ပြီးနောက်

'ငါ မြင်ဖူးသလိုပဲ... ဘယ်မှာပါလိမ့်'

[System: နင့် ညီဟဲ့!]

Systemက ကျွန်တော့်ကို Novelထဲ ထည့်သွားတယ်ဗျို့(own Creation)Where stories live. Discover now