"အဟက်​..!!..ငါ ထုတ်​ထားတဲ့...
စည်းကမ်းချက်​​တွေကို သိရဲ့သားနဲ့...
ချိုး​ဖောက်​ရဲတာ.. သက်​သက်​လုပ်​တာလား..
သစ်​ရွက်​စိမ်း..."

၅နှစ်​အရွယ်​ထဲက ကိုကို့အမိန့်​များ​အောက်
တွင်​ အသားကျ​နေ​သော သစ်​ရွက်​စိမ်း...
အတွက်​ ​ဘာကိုမှ ​ဖြေရှင်းချက် မထုတ်​ရဲ...။

ကိုကို့ အလုပ်စားပွဲပေါ်မှာ သစ်ခွပန်းအိုး
လေး ထားပေးချင်လို့ပါဟု ပြောပြချင်သော်
လည်း လက်တွေ့တွင်မူ ရွက်စိမ်း ခေါင်းငုံ့
ကာသာ တိတ်ဆိတ်စွာ ရပ်နေမိသည်..။

ရွက်​စိမ်း ထိုသို့ပြုမူ​လေတိုင်း ကိုကို့ဆီမှ...
ဒေါသတကြီး ​တောက်​​ခေါက်​သံကို ရမြဲ...။

"​တောက်​..~!!...သွား..ငါ့မျက်​စိ​ရှေ့က
ထွက်​သွားစမ်း...."

ကိုကို့ အသံအဆုံး ရွက်​စိမ်း အခန်းထဲမှ...
အမြန်​ထွက်​လာလိုက်​ရသည်​..။ ပါးပြင်
ပေါ်သို့ ကျလာ​သော မျက်​ရည်​များကို...
ပွတ်​သုတ်​ကာ အိမ်​​အောက်​ထပ်​ရှိ မီးဖို​ချောင်​..
သို့ ဦးတည်​လိုက်​သည်​။ ကိုကို့ အတွက်​...
မနက်​စာ ပြင်​ရမည်​​လေ...။

ရွက်​စိမ်း ထက်​ ၁၀နှစ်​ခန့်​ကြီး​သော ကိုကို
သစ်မိုးအိမ်ကို ရွက်စိမ်း ကြောက်သည်...။
အမြဲအေးတိအေးစက် ဆက်ဆံတတ်သော
ကိုကိုက ရွက်စိမ်း ကို မုန်းနေမှန်း သိသော်
လည်း ဘာကြောင့် မုန်းနေသည် ကိုတော့
သေးငယ်သော ရွက်စိမ်း ဦးနှောက်လေးက
မတွေးတတ်...။

ဖေဖေ မရှိတော့ ကတည်းက ကိုကို
ကသာ ရွက်စိမ်း အတွက် တစ်ဦးတည်းသော
မိသားစုဝင် ဖြစ်သော်လည်း ကိုကို့ ဘက်မှတော့
ထိုသို့ ဟုတ်ပုံမရ...။

ရွက်စိမ်း ကို နှင်ထုတ်သော စကားကို
သာ အမြဲပြောတတ်သည်..။ သစ်ရွက်စိမ်း ဟု
နာမည် အပြည့်အစုံ ခေါ်ကာ စိမ်းသက်စွာ
သာ ဆက်ဆံတတ်သည်...။

အခြား နွေးထွေးသော ညီအစ်ကိုများ
ကို တွေ့တိုင်း ရွက်စိမ်း အားကျရမြဲ...။

စိတ်​နှင့်​ကိုယ်​နှင့်​ မကပ်​​သော ရွက်​စိမ်း
တစ်​​ယောက်​... ကိုကို့ အတွက်​ ​ကော်​ဖီ
ဖျော်​ရင်း ​ရေ​နွေးများ လက်​​ပေါ်သို့ကျလာ
သော အခါမှ သတိပြန်​ဝင်​​တော့သည်​...။

Clover your'e my clover[Completed]Where stories live. Discover now