ကျွန်း​ရောင်​​တောက်​​နေ​သော အခန်းတစ်​ခု
အ​ရှေ့အ​ရောက်​ ရွက်​စိမ်း အသက်​ကိုပြင်းပြင်း
ရှူလိုက်​သည်​..။ ပြီးမှ အခန်းတံခါးအား...
ခေါက်​လိုက်​ကာ မိမိ​ရောက်​​နေ​ကြောင်း...
သိ​စေလိုက်​သည်​...။

"​ဒေါက်​~​ဒေါက်​..!!...ကိုကို ရွက်​စိမ်းပါ..."

"ဝင်​ခဲ့.."

အခန်းထဲမှ ထွက်​လာ​သော အသံက...
အေးစက်​ကာ ​ဒေါသအ​ငွေ့အသက်​များ...
ပါ​နေဆဲပင်​...။ ရွက်​စိမ်း အခန်းတံခါးအား
ခပ်​ဖြည်းဖြည်း ဖွင့်​ကာ ဝင်သွားလိုက်သည်။

အခန်းထဲတွင် ပစ္စည်းအကျိုးအပဲ့များ
ဖြင့် ပြည့်နေသည်..။ အခန်းအလယ်ရှိ
ကုတင်ထောင့်စွန်း တော့ ငြိမ်သက်စွာ..
ထိုင်နေသော ကိုကို သစ်မိုးအိမ်...။

ဒူးနှစ်ဖက်ပေါ်တင်ထားသော လက်များက
သွေးကြော ထင်းထင်းများ ထနေဆဲ...။
ရွက်ရှေ့ ကိုကို့ ရှေ့နားတွင် ခြေစုံရပ်လိုက်
ကာ အပြစ်သား တစ်ယောက်လို ခေါင်းငုံ
ထားလိုက်မိသည်...။

ကိုကို့ ဆီမှ အကြည့်စူးစူးများကို...
ခံစားမိနေသော်လည်း ရွက်စိမ်း ခေါင်းမော့
ကာ မကြည့်ရဲ...။ ကြောက်ရွံ့မှုကြောင့်...
ရွက်စိမ်း ၏ ခြေချောင်းလေးများ မှာ...
ကုပ်ကွေးသွားရသည်..။

တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိသော...
ကိုကို ကြောင့် ရွက်စိမ်း တိုးတိုးလေး..
ပြောလိုက်သည်...။

"ရွက်​စိမ်း ​တောင်းပန်​ပါတယ်​ ကိုကို..."

"ငါ.. ချမှတ်​ထားတဲ့ အမိန့်​​တွေက...
ဘာလဲ သစ်​ရွက်​စိမ်း..!!.."

ကိုကို့ အသံက သစ်ရွက်စိမ်း တစ်ကိုယ်လုံး
ကို အေးစက်သွားစေသည်...။ ရွက်စိမ်း...
ခေါင်းငုံ့နေရင်းပင် ပြန်ဖြေလိုက်သည်..။

"ကိုကို မနိုးခင်​ အခန်းထဲ​ရောက်​​နေရမယ်​...။
ရေချိုးဖို့အတွက်​နဲ့ အင်္ကျီအဆင်သင့်ပြင်
ထားပေးရမယ်..။ ပြီးရင် မနက်စာ ကိုယ်တိုင်
ပေးရမယ်..။ ညနေ၆နာရီထက် ပိုပြီး အိမ်ပြန်..
နောက်မကျရဘူး..။ သူငယ်ချင်းမထားရဘူး..။
ကိုကို့ အမိန့်မရဘဲ ဘာမှမလုပ်ရဘူး..."

Clover your'e my clover[Completed]Where stories live. Discover now